(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဆွမ်းအလှူရှင်၏ ဒါနလေးမျိုးနှင့် အလှူရှင် အလှူခံ နှစ်ဦးလုံးရနိုင်သော အကျိုးလေးမျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဆွမ်းအလှူရှင်၏ ဒါနငါးမျိုးနှင့် အလှူရှင်, အလှူခံပုဂ္ဂိုလ်နှစ်ဦးလုံး ရရှိခံစားနိုင်သော အကျိုးငါးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၃]


ဘောဇနသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည်မည်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၄]

ဘောဇနသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည်မည်၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - [၄]

  • အသက်ကို ပေးလှူသည် မည်၏။
  • အဆင်းကို ပေးလှူသည် မည်၏။
  • ချမ်းသာကို ပေးလှူသည် မည်၏။
  • ခွန်အားကို ပေးလှူသည် မည်၏။
  • ပညာကို ပေးလှူသည် မည်၏။[၄]

အသက်ကို ပေးလှူသည်မည်ခြင်းကြောင့် နတ်သက်သော်လည်းကောင်း လူသက်သော်လည်းကောင်း ရှည်ရန် ဖြစ်၏။ အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့် နတ်အဆင်းကိုသော်လည်းကောင်း လူအဆင်းကိုသော်လည်းကောင်း လှရန် ဖြစ်၏။ ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ချမ်းသာသော်လည်းကောင်း လူချမ်းသာသော်လည်းကောင်း ရရန်ဖြစ်၏။ ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ခွန်အားသော်လည်းကောင်း လူခွန်အားသော်လည်းကောင်း ကြီးရန်ဖြစ်၏။ ပညာကို ပေးလှူသည် မည်ခြင်းကြောင့် နတ်ပညာသော်လည်းကောင်း လူပညာသော်လည်းကောင်း ရှိရန်ဖြစ်၏။[၄]

ရဟန်းတို့ ဘောဇဉ်ကို ပေးလှူသူသည် အလှူခံပုဂ္ဂိုလ်တို့အား ဤငါးမျိုးသော အရာဌာနတို့ကို ပေးလှူသည်မည်၏ဟု (မိန့်တော်မူ၏)။

ပညာရှိ ပုဂ္ဂိုလ်သည် အသက်အလှူကို ပေးလှူ၏၊ ခွန်အားအလှူကို ပေးလှူ၏၊ အဆင်းကို ပေးလှူ၏၊ ပညာအလှူကို ပေးလှူ၏၊ ထက်မြက်သော ပညာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ချမ်းသာကို ပေးလှူ၏၊ ထိုပညာရှိသည် ချမ်းသာကို ရရှိ၏။ အသက်ကို၎င်း ခွန်အားကို ၎င်း အဆင်းကို၎င်း ချမ်းသာကို၎င်း ပညာကို၎င်း ပေးလှူသောကြောင့် ဖြစ်လေရာရာဘုံဘဝ၌ အသက်ရှည်ခြင်း အခြံအရံပေါများခြင်း ဖြစ်ရာသတည်း။[၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၃၇၅။ အံ၊မြန်၊၁၊၃၈၉-၃၉၀။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၆) ၁-ပုညာဘိသန္ဒဝဂ္ဂ၊ နဝမသုတ်။
  2. -အံ၊၂၊၃၅-၆။ အံ၊မြန်၊၂၊၄၅။ အံ၊ဋ္ဌ၊၃၊၂၁။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၄-သုမနဝဂ္ဂ၊ သတ္တမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန်၊ ပဉ္စကနိပါတ်၊ ပဌမပဏ္ဏာသက - ပဌမသုတ်ငါးဆယ်၊ ၄-သုမနဝဂ် ၇- ဘောဇနသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။