ဘော့ပါစေတီတော်များ
ဘော့ပါစေတီတော်များ (Bhojpur) သည် ဆန်ချီမြို့၏ အရှေ့တောင်ဘက် ၁၁ ကီလိုမီတာအကွာတွင် တည်ရှိသည့် စေတီအဆူ သုံးဆယ်တည်ရှိသည့် နေရာတစ်ခု ဖြစ်သည်။ မဇ္ဈဒေသ ပြည်နယ်, ဘော့ပါရှိ ကျေးရွာနှင့် ရှေးဟောင်းသုတေသနနယ်မြေ တို့နှင့် အမည်ရောထွေးမှုမရှိစေရန် ဘော့ပါစေတီတော်များကို Murelkhurd စေတီများ သို့မဟုတ် Morel Khurd စေတီများဟုလည်း ခေါ်ကြသေးသည်။[၁][၂]
Bhojpur Stupas | |
The Great Stupa of Bhojpur | |
အခြားအမည် | Morel Khurd Stupas |
---|---|
ကိုဩဒိနိတ် | 23°25′53″N 77°50′31″E / 23.43139°N 77.84194°Eကိုဩဒိနိတ်: 23°25′53″N 77°50′31″E / 23.43139°N 77.84194°E |
အမျိုးအစား | Buddhist settlement |
ဆန်ချီမြို့ပတ်ဝန်းကျင် ကီလိုမီတာ ၂၀ ပတ်လည်တွင် စေတီအစု လေးစု ရှိသည်။ ၎င်းတို့မှာ အရှေ့တောင်ဘက်၌ ဘော့ပါနှင့် အန်ဒါ၊ အနောက်တောင်ဘက်တွင် သောနရီ၊ အနောက်ဘက်တွင် သတ္တာရ တို့ ဖြစ်သည်။[၂] ထို့ပြင် တောင်ဘက် ၁၀၀ ကီလိုမီတာအကွာတွင် ဆာရုမရုလည်း ရှိသည်။
စေတီတော်များအားလုံးကို ၁၉ ရာစုတွင် Major Cunningham က ရှာဖွေမှုများ ဆောင်ရွက်ခဲ့သည်။ တွေ့ရှိခဲ့သည့် ဓာတ်တော်အများစုကို အင်္ဂလန်သို့ ဆောင်ယူခဲ့သည်။ ရှာဖွေတွေ့ရှိခဲ့သည့် ဓာတ်တော်တစ်ခုသည် ကျောက်သလင်းဖြင့် ပြုလုပ်ထားပြီး ဗုဒ္ဓ၏ဓာတ်တော်ပုံစံမျိုး ဖြစ်သည်။ ကျောက်သလင်းကို ဓာတ်တော်များကို ထည့်ရန်အတွက် အသုံးပြုလေ့ရှိသည်။ ဤဓာတ်တော်ကြုတ်ကို ၁၈၅၁ ခုနှစ် Alexander Cunningham နှင့် FC Maisey တို့က တူးဖော်မှုများ လုပ်ဆောင်ခဲ့စဉ် အစေတီတော်အမှတ် (၂) ၏ အခန်းတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။[၃]
စေတီတော်၏ အလယ်ကောင်သည် သေးငယ်သည့်ဓာတ်တော်များဆံ့နိုင်သည့် အခေါင်းပေါက် ဖြစ်သည်။ (ထိုအချိန် တူးဖော်ခဲ့စဉ်က ဖြစ်သည်၊ ယခုအချိန်တွင် ထိုအပေါက် မရှိတော့ပေ) စေတီတော်တွင် ထီးတော်တစ်ခု ပါဝင်ပြီး မြင့်မြတ်မှု၏ သင်္ကေတဖြစ်သည်။ စေတီများကို BCE ၁ ရာစုအချိန်ကာလက တည်ခဲ့ခြင်း ဖြစ်နိုင်သည်။[၃]
ရုပ်ပုံများ
ပြင်ဆင်ရန်-
Sanchi and surrounding stupas.
-
General plan.
-
Group of stupas.
-
Group of stupas. The Sanchi stupas appear far away on the horizon.
-
Stupas, reliquaries and inscriptions.
-
Stupas, reliquaries and inscriptions.
-
The reliquary of stupa n°2, in rock crystal (H: 11 cm, W: 8 cm, Victoria and Albert Museum).[၄]
ကိုးကား
ပြင်ဆင်ရန်- ↑ Buddhist Stupas Monument - Archaeological Survey of India - Bhopal။
- ↑ ၂.၀ ၂.၁ Buddhist Circuit in Central India: Sanchi, Satdhara, Sonari, Andher, Travel ... p.31
- ↑ ၃.၀ ၃.၁ Notice of the Victoria and Albert Museum Reliquary | V&A Search the Collections (in en)။ 12 August 2018 တွင် ပြန်စစ်ပြီး။
- ↑ Reliquary | V&A Search the Collections (in en)။ 12 August 2018 တွင် ပြန်စစ်ပြီး။