ဘော်နယ် ပြင်ဆင်ရန်

ရှမ်းပြည်နယ်တောင်ပိုင်း မြေလတ်ပိုင်း၌ ရှိသောဘော်နယ်သည် မြေလတ်ပိုင်းတွင် မြောက်ဘက်စွန်း အကျဆုံးဖြစ်သည်။ မြန်မာပြည်မဘက်မှ ကျောက်ဆည်ခရိုင်နှင့် နယ်ချင်းစပ်လျက်ရှိသည်။ မြောက်ဘက်တွင် ကျောက်ဆည်ခရိုင်မှ ရဲယမန်းကျေးရွာရှိသည်။ အရှေ့ဘက်တွင် ရပ်စောက်နယ်၊ တောင်ဘက် တွင် ရေငံ (ရွာငံ)နယ်နှင့် အနောက်ဘက်တွင် ကျောက်ဆည်ခရိုင်တို့ရှိသည်။ နယ်၏ အကျယ် အဝန်းသည် စတုရန်းမိုင် ၇၄ဝ ရှိပြီးလျှင် လူဦးရေမှာ ၉ဝဝဝ ကျော်ခန့်ဖြစ်သည်။ နယ်အတွင်း၌ နေထိုင်ကြသူများသည် များသောအားဖြင့် ဓနုလူမျိုးများ ဖြစ်ကြ၍၊ ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြလေသည်။

ဘော်နယ်၏ မြို့တော်ကို တောင်ခြေရှိ မြို့ကြီးခေါ် သည့် မြို့ကိုလည်းကောင်း၊ တောင်ပေါ်ဒေသရှိ ရေဦး မြို့ကို လည်း တောင်ပေါ်ဒေသဆိုင်ရာ မြို့တော်အဖြစ် လည်းကောင်း ထားရှိလေသည်။

ဘော်နယ်သည် တောတောင်ထူထပ်သည်။ မြေမျက်နှာ ပြင်ကို ပကတိအပိုင်းအခြားအားဖြင့် နှစ်ပိုင်း ခွဲခြားထားသည်။ ဇော်ဂျီမြစ်ရိုး တစ်လျှောက်ကို မြေလက်ဟုခေါ်၍၊ မြေလတ် ကုန်းမြင့်ဒေသများကို တောင်လက်ဟု ခေါ်သည်။ ဇော်ဂျီမြစ် ဝှမ်း မြေပြန့်နှင့် ကုန်းပြင်မြင့် အကြားရှိ ဒေသသည် အလွန် တောင်ကုန်း ထူထပ်သည်။

ဘော်နယ်၏ အနောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့ ဘက် နယ်နိမိတ်တို့ကို တောင်ရိုး တောင်တန်းများကသတ်မှတ် ပိုင်းခြားထားသည်။ အနောက်ဘက်မှ တောင်တန်းသည် မြန်မာ ပြည်မထဲသို့တဖြည်းဖြည်း ဝင်ရောက်သွားသည်။ ပေ ၅ဝဝဝ ကျော်သော တောင်ထွတ်အနည်းငယ်ခန့်သာ ရှိသည်။

မြစ်ငယ်နှင့် ဇော်ဂျီမြစ်ကို ပိုင်းခြားထားသော တောင်တန်းသည် ဘော်နယ်၏ မြောက်ဘက်နယ်နိမိတ်ဖြစ်၍၊ ထိုတောင်တန်းမှ အချို့တောင်ထွတ်များသည် ပေ ၅ဝဝဝနီးပါး ရှိသည်။ အရှေ့ဘက်၌ ရပ်စောက်နှင့် ဘော်နယ်ကို ခြားထား သော တောင်တန်းသည် ပင်းတယနှင့် ရေငံ (ရွာငံ) နယ်တို့မှ လာသော မဲနယ်တောင်၏ ဆက်ဖြစ်သည်။ ပေ ၆ဝဝဝ ကျော် မြင့်သော တောင်ထွတ်များရှိသည်။ အရှေ့တောင်ရိုးနှင့် အနောက်တောင်ရိုး အကြားရှိ တောင်ထွတ်ကို ငွေတောင်ဟု ခေါ်၍ ၅၆ဝ၄ ပေမြင့်သည်။ လွယ်မွေတောင်ထွတ်သည် ပေ ၅၁၄ဝ ပေ မြင့်သည်။

နယ်အတွင်းရှိ မြစ်ချောင်းများမှာ ဇော်ဂျီမြစ်နှင့် ယင်း ၏ လက်တက်များဖြစ်သည်။ ဇော်ဂျီမြစ်သည် မြေလတ်ပိုင်းကို ဖြတ်သန်း၍ ကျောက်ဆည်ခရိုင်အတွင်းသို့စီးဝင်သည်။ ထိုမြစ်သည် လည်းကောင်း၊ ယင်း၏ လက်တက်များ ဖြစ်ကြ သော တတားနီ၊ တောင်ဗို၊ နမ့်လွယ်ချောင်းတို့သည် လည်းကောင်း လှေသင်္ဘောဖြင့် သွားလာရေးအတွက် အသုံး မပြုနိုင်ချေ။ နယ်အတွင်း လယ်မြေယာမြေတို့ကို ရေပေးသွင်း ရန်အတွက်မူ အသုံးဝင်လေသည်။

ငွေတောင်အနီးတွင် ငွေတွင်းများရှိ၍ ရှေးအခါက တူးဖော်လုပ်ကိုင်ခဲ့ကြသော်လည်း များစွာ အကျိုး ကျေးဇူး မရှိခဲ့ချေ။ ဇော်ဂျီမြစ်နှင့် တံတားနီချောင်းများ တစ်လျှောက် တွင် ကျွန်းသစ်၊ မဲ့ယွန်း ( သစ်ကတိုး ) နှင့် ရှားနည်း ငယ်ထွက်သော သစ်တော်များ ရှိလေသည်။

ရှမ်းပြည်နယ်မြေလတ်ပိုင်းရှိ နယ်များအနက် ဘော်နယ်သည် မြေ0x100သဇာ ကောင်းမွန်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းသည် အဓိကဖြစ်သည်။ ဇော်ဂျီမြစ်နှင့် ယင်း၏ လက်တက်မြစ်ချောင်းများ၏ မြစ်ဝှမ်းမြေပြန့်ဒေသများ၌ လည်းကောင်း၊ တောင်ကုန်းစောင်းများ၌လည်းကောင်း စိုက်ပျိုးခင်းများ ယာခင်းများကို လုပ်ကိုင်ကြသည်။ အာလူး၊ ဂျုံ၊ ကော်ဖီ၊ ပဲအမျိုးမျိုးနှင့် သနပ်ဘက်ဆေးလိပ် လိပ်ရသော သနပ်ဘက်ပင်တို့ကို စိုက်ပျိုးလုပ်ကိုင်ကြ သည်။ မြေ0x100သဇာ ကောင်း၍ စိုက်ပျိုးရေး ဖြစ်ထွန်းစေကာမူ၊ ယခင်က တော တောင်ထူထပ်၍ သယ်ယူပို့ဆောင်ရေး မလွယ်ကူသဖြင့် ရောင်းဝယ်ဖောက်ကားမှု ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့ပေ။

ထို့ကြောင့် ၁၉၄၅ ခုနှစ်မှစ၍ စော်ဘွားကြီး စဝ်ခွန်အောင်က ဦးစီးခေါင်းဆောင်ပြီးလျှင် နယ်လူထုအကူအညီဖြင့် ရေဦးမှ ကျောက်ဆည်အထိ ပေါက်သော ၃၇ မိုင်ရှည်လျားသည့် မော်တော်ကားလမ်းမကြီးကို ဖောက်လုပ်ခဲ့ရာ၊ ၆ နှစ်အကြာ တွင် ပြီးစီးခဲ့ သည်။ အခြားလမ်းပန်း အဆက်အသွယ်များမှာ အောင်ပန်းမြို့မှ ရေဦးအထိ ၄၇ မိုင်၊ ကျုံးမှ ရေဦးထိ ၃၇ မိုင်၊ ရေဦးမြို့မှ မြို့ကြီးအထိ ၃၇ မိုင်၊ မြို့ကြီးမှကျောက်ဆည် အထိ ၂၂ မိုင် မော်တော်ကားလမ်း အသီးသီး ရှိလေသည်။

ဘော်နယ်၏ နောက်ကြောင်းသမိုင်းကို ပြန်လှန်ကြည့် သည့်အခါ ထိုဒေသကို စတင်အုပ်ချုပ်ခဲ့သူသည် ကိုးသိမ်ရှင် ်ဟုခေါ်တွင်သူ တစ်ဦးဖြစ်ကြောင်း သိရ၍၊ မည်နာမအတိအကျ မသိရချေ။ အလောင်းစည်သူမင်းသည် တောင်တန်းဒေသ တစ်ခွင် တိုင်းခမ်းလှည့်လည်စဉ်က ထိုပုဂ္ဂိုလ်လိုက်ပါခဲ့သည်ဟု ဆိုသည်။ ကိုးသိမ်ရှင်သည် အကျင့်သီလ ဉာဏ်ပညာနှင့် ပြည့်စုံသူတစ်ဦးလည်း ဖြစ်သဖြင့် မင်းတရားကြီး နှစ်သက် တော် မူသောကြောင့် ဘော်နယ်ဒေသ တစ်ခွင်နှင့်တကွ ဆင် တစ်စီးကို အပိုင်စားပေးခဲ့သည်။ ကိုးသိမ်ရှင် စီရင်အုပ်ချုပ် ရသော ဒေသသည် အရှေ့ဘက်၌ ယခုရပ်စောက်နယ်ရှိ ရွှေအင်းတောင်စေတီ၊ တောင်ဘက် ယခု ရေငံ (ရွာငံ) နယ်ရှိ ရွှေပွင့်လန်းစေတီ၊ တောင်ဘက် ယခု ရေငံ (ရွာငံ) နယ်ရှိ ရွှေပွင့်လင်းစေတီ၊ အနောက်ဘက်၌ ယခုကျောက်ဆည်ခရိုင်ရှိ ရွှေပွင့်လန်း စေတီ၊ မြောက်ဘက်၌ မြစ်ငယ်-သုံးဆယ်နယ်ခြား စသည်ဖြင့် အပိုင်အခြား ရှိလေသည်။

ကိုးသိမ်ရှင်သည် ဆက်ခံသူမှာ မြေးဖြစ်သူ သုဒေဝ ဖြစ်သည်။ ထိုနောက် အဆက်ဆက် အုပ်ချုပ်လာခဲ့ရာ နောက်ပိုင်းတွင် ဦးကြာအိုဆိုသူ အုပ်ချုပ်သည်။ ဦးကြာအိုသည် ၁၈၇၃ ခုနှစ်တွင် ကွယ်လွန်ရာ ဦးညိုလှိုင် အုပ်ချုပ်သည်။ ဗြိတိသျှတို့မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက်တွင် ဘော်နယ် ၌ ခိုးသား ဓားပြ ထူပြောလွန်း သဖြင့် ဘော်နယ်မြောက်ပိုင်း ဒေသကို ကျောက်ဆည်ခရိုင်ဝန် လက်သို့လွှဲအပ်ခဲ့ရာ ၁၈၉၅ ခုနှစ်တွင်မှ မြေလတ် နယ်ထဲသို့ပြန်၍ ပူးပေါင်းစေခဲ့သည်။

မြို့စားဖြစ်သူ ဦးညိုလှိုင်ကို ဗြိတိသျှစိုးရက ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် ငွေခွန်မှူးဟူ၍ အသိအမှတ်ပြုပြီးလျှင် ၁၉ဝ၇ ခုနှစ် တွင်မူ မြို့စားအဖြစ် ဆက်လက်အသိအမှတ်ပြုသည်။ ထို့ပြင် ဦးညိုလှိုင်အား၊ အေတီ၊ အမ်နှင့် ကေ၊ အက်စ၊ အမ်ဘွဲ့များဖြင့် ချီးမြှင့်ခဲ့လေသည်။

ဦးညိုလှိုင် ကွယ်လွန်ပြီးနောက်တွင် မြေးဖြစ်သူ စဝ်ခွန်နောင်က မြို့စားရာထူးကို ဆက်ခံသည်။ စဝ်ခွန် နောင် ကွယ်လွန်ပြီးနောက်တွင် ညီဖြစ်သူ စဝ်ခွန်အောင်က ဆက်ခံ အုပ်ချုပ်သည်။ စဝ်ခွန်အောင်သည် ဒုတိယ ကမ္ဘာစစ်မတိုင်မီ နှစ်များတွင် မြို့စားရာထူးဆက်ခံရန် အလုပ်သင်နေဆဲ ဖြစ် သည်။ စစြ်ဖစ်လာသောအခါ အခြေ အနေ ရှုပ်ထွေးနေသဖြင့် ၁၉၄၅ ခုနှစ် ဗြိတိသျှ အစိုးရတို့ပြန်လည်ရောက်ရှိလာ ပြီးနောက်မှ မြို့စားအဖြစ် ခန့်အပ်ခံရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့် နောက်တွင် မြို့စားအဖြစ်မှ စော်ဘွားအဖြစ် တိုးမြှင့် အသိအမှတ်ပြုခြင်း ခံရ၏။ ၁၉၅၉ ခုနှစ်တွင် ရှမ်းပြည်နယ် အုပ်ချုပ်ရေးစံနစ် ပြောင်းပြီးသည့် နောက်၌ ၁၉၆ဝ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် အမတ်အဖြစ် အရွေးခံရပြီးလျှင် ရှမ်းပြည်နယ် အစိုးရပြန် ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

ဘော်နယ်တွင် မြို့ကြီးရှိ ငါးဆူဘုရားသည် အထင် ရှားဆုံးဖြစ်၍၊ ဘုရားပွဲတော်သည်လည်း အကြီးကျယ်ဆုံး ဖြစ်သည်။ ငါးဆူဘုရားဟု ခေါ်ဝေါ်ခြင်းမှာ ဇော်ဂျီမြစ် အတွင်းမှ ဆယ်ယူရရှိသော ရုပ်ပွားတော် ငါးဆူကို တည်ထား ခြင်း ဖြစ်သည်။ ထို့ပြင် အလောင်းစည်သူမင်း၏ ရွှေလှံတော် စိုက်ခဲ့ရာ အရပ်၌ တည်ထားသည်ဆိုသော ရေဦးမြို့အနီးရှိ ရွှေလှံတော်စေတီ၊ ဒလပင်ရွာနီး ရှေးနှစ်ပေါင်း ၃ဝဝ ခန့်က ရွှေဥဒေါင်း၏ ဥများတွေ့သဖြင့် တည်ထားသော ရွှေဥဒေါင်း စေတီ၊ ငွေတောင်အနီးမှ ငွေတောင်ဘုရားစသည်တို့ရှိခဲ့သော် လည်း ယခုခါ ထင်ရှားခြင်း မရှိတော့ချေ။

ရေဦးမြို့တွင် အထက်တန်းကျောင်း တစ်ကျောင်းရှိ၍၊ မြို့ကြီး၊ ဆည်ရွာ၊ ကျောက်ဂူပြင်၊ ကျောက်ဂူထိ၊ ဒလပင်၊ ရေး ကြမ်းပျဉ်စသည့် ကျေးရွာများတွင်လည်း မူလတန်းကျောင်းများ ရှိသည်။ နယ်လူထု ကျန်းမာရေး အတွက် ရေဦးမြို့တွင် မကြာ မီက ဆေးရုံတစ်ရုံ ဆောက်လုပ်ထားရှိသည်။ ယခင်က ဘော်နယ်၌ ဆေးရုံမရှိသဖြင့် မကျန်းမမာ၍ ဆေးရုံတက်ပြီး ကုသလိုသူတို့သည် ကျောက်ဆည်၊ သို့မဟုတ် ကလေးမြို့ ဆေးရုံများသို့သွား ရောက်ခဲ့ကြရလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)