အများပြည်သူရပိုင်ခွင့်နှင့် ပတ်သက်၍ပြောင်မြောက်သော အယ်ဒီတာ့အာဘော် များကို ရေးသားခဲ့သူဘဲလ်သည် အမေရိကန် ဝါရင့် သတင်းစာ ဆရာတစ် ယောက်ဖြစ်သည်။ ၁၉၇၅ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိ ပြုလုပ်ခဲ့သော Meet the Press ရုပ်မြင်သံကြား အစီအစဉ်၏ အစီအစဉ် မှူးအဖြစ် ဆောင်ရွက် ခဲ့သူ ဘဲလ်သည် သတင်းဖြစ်စေသည့်မေးခွန်းများ မေးမြန်းပြောဆိုနိုင်ခဲ့သူအဖြစ် ထင်ရှား သည်။ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ပရိယာယွ်ကြယ်ဝ သော မေးခွန်းများကိုမေးမြန်းနိုင်သူလည်းဖြစ်သည်။ ဘဲ လ်သည် နယ်ပယ်မျိုးစုံမှ ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံသည့် ရုပ်မြင်သံကြားအစီအစဉ်များတွင် သတ်မှတ်ထားသော ပွဲချိန်အတွင်း စိတ်ဝင်စားဖွယ်ရာ လျှပ်တစ်ပြက် မေးခွန်းများကို မေးမြန်းနိုင်ခဲ့သည်။ ဘဲလ်၏ဘဝတွင် မမေ့နိုင်သောအင်တာဗျူးမှာ ၁၉၇၆ ခုနှစ်တွင် အလာဘားမားပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဂျော့ဝါလေ့စ်နှင့်မေးမြန်းခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုနှင့်ပတ်သက်၍ ေဝါလေ့စ်၏ ရှုထောင့်ကို သုံးကြိမ်ဆက်တိုက် မေးမြန်း ခဲ့သော်လည်း ကျေနပ်လောက်သော အဖြေမရရှိခဲ့သော ကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံ နယူးအော်လိန်းစ် မြို့၏ သတင်းစာဆရာ မွန်ရိုဘီလ်သည် ဖေဖော်ဝါရီလ ၁၇ ရက်၊ အသက် ၉၀ အရွယ်တွင် ကွယ်လွန်သည်။[၁]

Bill Monroe
မွေးဖွားWilliam Blanc Monroe Jr.
(1920-07-17)ဇူလိုင် ၁၇၊ ၁၉၂၀
နယူးအော်လ်, လူစီယာနာ
ကွယ်လွန်ဖေဖော်ဝါရီ ၁၇၊ ၂၀၁၁(2011-02-17) (အသက် ၉၀)
ဝါရှင်တန်ဒီစီ, အမေရိကန်ပြည်ထောင်စု
အလုပ်အကိုင်တီဗွီ ဂျာနယ်လစ်

ကိုးကား ပြင်ဆင်ရန်

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)