မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှု (၂၀၁၀)

မက္ကဆီကို ပင်လယ်ကွေ့ ရေနံယိုဖိတ်မှုသည် ၂၀၁၀ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရေနံထုတ်လုပ်ရေး သမိုင်းတွင် အကြီးမားဆုံးသော ရေနံယိုဖိတ်မှု တစ်ရပ်ဖြစ်သည်။ မက္ကဆီကို ပင်လယ်ကွေ့အတွင်းရှိ ဗြိတိသျှ ရေနံထုတ်လုပ်ရေး ကုမ္ပဏီ ဘီပီ (BP) အပိုင် ရေနက် မိုးကုတ်စက်ဝိုင်း (Deepwater Horizon) ကမ်းလွန်ရေနံတူးစင် ၂၀၁၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပေါက်ကွဲပြီးနောက် ရေနံစိမ်းများ ၃ လကြာ မစဲတမ်းယိုဖိတ်ခဲ့သည်။ ဇူလိုင်လ ၁၅ ရက်နေ့မှသာ ပင်လယ်ကြမ်းပြင်ရှိ ရေနံတွင်းဝကို ပိတ်ဆို့နိုင်ခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ရေနံတွင်း အလုပ်သမား ၁၁ ဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။

Deepwater Horizon oil spill
The oil slick as seen from space by NASA's Terra satellite on 24 May 2010
တည်နေရာGulf of Mexico near Mississippi River Delta, United States
ကိုဩဒိနိတ်28°44′17.30″N 88°21′57.40″W / 28.7381389°N 88.3659444°W / 28.7381389; -88.3659444ကိုဩဒိနိတ်: 28°44′17.30″N 88°21′57.40″W / 28.7381389°N 88.3659444°W / 28.7381389; -88.3659444[၁]
အကြောင်းရင်း
အကြောင်းရင်းWellhead blowout
ထိခိုက်ဒဏ်ရာရသူများ11 killed
17 injured
မောင်းနှင်သူTransocean under contract for BP
ယိုဖိတ်မှု လက္ခဏာများ
ထုထည်၄.၉ million barrels (၂၁၀,၀၀၀,၀၀၀ U.S. gallon; ၇၈၀,၀၀၀ ကုဗမီတာ) ±10%[၂]
ဧရိယာ၂,၅၀၀ to ၆၈,၀၀၀ sq mi (၆,၅၀၀ to ၁၇၆,၁၀၀ km2)[၃]

နေ့စဉ် ရေနံစိမ်း ပေပါ ၁ သောင်းကျော်မှ ၁ သိန်းခန့် ယိုထွက်ခဲ့ပြီး မက္ကဆီကို ပင်လယ်ကွေ့ ရေပြင် စတုရန်း ကီလိုမီတာ ၂၅၀၀ ခန့်ကို ဖုံးလွှမ်းခဲ့ရာ အဏ္ဏဝါ ဂေဟစက်ကွင်းကို ထိခိုက်စေယုံသာမက ဒေသတွင်း ငါးဖမ်းလုပ်ငန်းနှင့် ခရီးသွားလာရေး လုပ်ငန်းများကိုလည်း ထိခိုက်စေသည်။

ကိုးကား ပြင်ဆင်ရန်

  1. United States National Oceanographic and Atmospheric Administration. EMRA Gulf Response. [၁] Archived 1 February 2017 at the Wayback Machine.
  2. On Scene Coordinator Report on Deepwater Horizon Oil Spill (PDF) (အစီရင်ခံစာ)။ September 201122 February 2013 တွင် ပြန်စစ်ပြီး
  3. "BP / Gulf Oil Spill – 68,000 Square Miles of Direct Impact" (သတင်းထုတ်ပြန်ချက်)။ SkyTruth။ 27 July 2010။ 11 August 2010 တွင် မူရင်း အား မော်ကွန်းတင်ပြီး13 May 2010 တွင် ပြန်စစ်ပြီး