မက်ဂေါ်လီ
မက်ဂေါ်လီ (ကိုရီးယား: 막걸리) သည် ကိုရီးယားတို့၏ ရိုးရာယမကာတစ်မျိုး ဖြစ်သည်။ အရောင်မှာ နို့ဖျော့ရောင် (ထန်းရည်နှင့် အရောင်တူ) ဖြစ်သည်။ အနည်ထိုင်လျှင်မူ အဖြူဘက်သန်းသည်။ ပျစ်သယောင်ရှိပြီး အချိုစွက်သည့် ခါးသက်သက် စိမ်ရည်မှ ရှတတအရသာကို ခံစားနိုင်သည်။ အယ်ကိုဟောပမာဏ (၆) ရာခိုင်နှုန်းမှ (၉) ရာခိုင်နှုန်းသာ ပါဝင်သည့်အတွက် ပွဲလမ်းသဘင်သောက် ယမကာအဖြစ် သတ်မှတ်ကြသည်။ ကိုရီးယားနိုင်ငံတွင် မက်ကောလီအား အရက်ကဲ့သို့ ချက်ခြင်းမဟုတ်ဘဲ ဝိုင်ကဲ့သို့ ပုလင်းထဲထည့်ကာ စိမ်ရည်ခံသည်။ သို့သော်လည်း တာရှည်မခံသည့်အတွက် ရောင်းတန်းဝင်စိမ်ရည်များကိုမူ ဓာတ်ကူများ၊ အရသာမှုန့်များထည့်ကာ ချက်လုပ်ကြသည်။
မက်ဂေါ်လီ တစ်ပန်းကန်လုံးစာအား မြင်ရပုံ | |
အမျိုးအစား | စိမ်ရည် |
---|---|
မူရင်းထုတ်လုပ်သည့်နိုင်ငံ | ကိုရီးယား |
အယ်လ်ကိုဟောပမာဏ | 6–9% |
အရောင်အဆင်း | ဖြူနောက်နောက် |
ပါဝင်ပစ္စည်း | ဆန်, လှော်စာခဲ |
ဝေါဟာရ ဖြစ်လာပုံ
ပြင်ဆင်ရန်မောကောလီ အား မက် (အကြမ်း)၊ ဂေါ်လီ (ဇကာတိုက်၊ စစ်ထား) ဟူသည့် ဝေါဟာရများဖြင့် ဖွဲ့စည်းထားသည်။ "သောက်နိုင်ရုံစစ်ထားသည့် စိမ်ရည်" ဟု အဓိပ္ပာယ်ရသည်။ သူ၏အရောင်ကြောင့် တက်ဂျူ (ကိုရီးယား: 탁주) (ဝိုင်အနောက်) ဟု ခေါ်ကြသည်။ တောင်သူလယ်လုပ်များအကြား အသောက်များသဖြင့် နန်ဂျူ (ကိုရီးယား: 농주) (လယ်သမားဝိုင်) ဟုလည်း ခေါ်ကြသည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ကိုရီးယား ယမကာသမိုင်းတွင် အစောဆုံးဖြစ်ပြီး ခရစ်တော်မပေါ်မီ (၁) ရာစုမှ ခရစ်တော်ဖွားအပြီး (၇) ရာစုအကြား၊ သုံးပြည်ထောင်လက်ထက်ကတည်းက စခဲ့ခြင်းဖြစ်သည်။ ဒုံမြောင်မင်းလက်ထက်တွင် သောက်သုံးကြောင်း (၁၃) ရာစုထုတ် ဂေါ်ယောင် ကိုရီးယားစာအုပ်တွင် ဖော်ပြထားသည်။
၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်ကြားတွင် အသောက်များခဲ့ပြီး ၁၉၇၀ ကျော်ကာလတွင် ပြည်ပမှသွင်းသည့် ယမကာများကြောင့် လူကြိုက်နည်းလာသည်။ ရိက္ခာအခက်အခဲကြောင့် အစိုးရမှလည်း ဆန်ရာရှင်ကို လျှော့ချထားသည်ကလည်း တစ်ကြောင်းဖြစ်သည်။
ကျန်းမာရေးကောင်းကျိုးအပြင် ယမကာအာနိသင်နည်းသော မက်ဂေါ်လီမှာ (၂၁) ရာစုတွင် မြို့ပြလူငယ်များအကြား ပြန်လည်ခေတ်စားလာသည်။ (၇၅၀) မီလီလီတာ ရှိသော မက်ဂေါ်လီတစ်ပုလင်းမှာ ဈေးနှုန်းအားဖြင့် ဝမ် (၁၂၀၀) ဝန်းကျင်သာ ရှိသည်။ ယခုအခါ ဓာတုဆေးမသုံးသည့် သဘာဝအတိုင်းထုတ်လုပ်သည့် မက်ဂေါ်လီများ ရလာပြီ ဖြစ်သည်။ ၂၀၁၇ ခုနှစ်ထုတ် စာရင်းအရ တောင်ကိုရီးယားတွင် မက်ဂေါ်လီချက်သည့် အသေးစားလုပ်ငန်း (၇၀၀) ခန့် ရှိသည်။
စီးပွားဖြစ် ထုတ်လုပ်ခြင်း
ပြင်ဆင်ရန်ရေနှင့်၊ အက်စပါတမီ ကဲ့သို့သော ဓာတ်ပေါင်းပစ္စည်းများထည့်ကာ တာရှည်ခံအောင် ပြုလုပ်ကြသည်။ အသီးအရသာ၊ ဂျင်ဆင်းအရသာတို့ဖြင့် ရနိုင်သည်။
သောက်သုံးခြင်း
ပြင်ဆင်ရန်ပန်းကန်လုံးတွင်ဖြစ်စေ၊ ပုလင်းထဲတွင်ဖြစ်စေ အအေးခံကာ သောက်လေ့ရှိသည်။ အချိန်အတန်ကြာထားပါက အနှစ်များအောက်တွင် ထိုင်တတ်သဖြင့် ပန်းကန်လုံးတွင်ထည့်ပါက မသောက်မီ ယောက်ဖြင့်မွှေ၍၊ ပုလင်းထဲထည့်ထားပါက မသောက်မီ အထက်အောက်လှုပ်ပေးရသည်။
ရေခဲ၊ သရက်သီး၊ နာနတ်သီးတို့နှင့်ရောကာ ကော့တေးလုပ်လေ့ ရှိသည်။ ဆိုဒါနှင့်ရောသည့် မက်ဂေါ်လီကို မက်ကဆာ ဟု ခေါ်သည်။ ပျားရည်နှင့်စပ်က ခူမက်ဂေါ်လီ ဟု အမည်ရသည်။
အသွင်တူ ယမကာများ
ပြင်ဆင်ရန်အနည်းငယ်ပျစ်ပြီး ဆန်စေ့များ ဖယ်မထားသည့် ဒေါင်ဒေါင်ဂျူ မှာ မက်ဂေါ်လီနှင့် ဆင်တူသည်။ အီဝါဂျူ မှာ ပိုပျစ်သည့်အတွက် ဇွန်းဖြင့်စားကြသည်။