မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ
မက်ဆိုပိုတေးမီးယားဒဏ္ဍာရီ (အင်္ဂလိပ်: Mesopotamian mythology)[မှတ်စု ၁] သည် ယခုခေတ် အာရှတိုက်အနောက်ပိုင်းဒေသ၊ ရှေးဟောင်းမက်ဆိုပိုတေးမီးယားနယ်မြေမှ ဒဏ္ဍာရီများ၊ ဘာသာရေးကျမ်းစာများနှင့် အခြားသောစာပေများကို ရည်ညွှန်းနိုင်သည်။ အထူးသဖြင့် ဆူးမားဒေသ၊ အဲကတ်မြို့ နှင့် အဆီးရီးယားဒေသမှ လူမှုအဖွဲ့အစည်းများ၏ ရင်းမြစ်များမှဖြစ်ကာ ထိုလူ့ယဉ်ကျေးမှု အဖွဲ့အစည်းများသည် ဘီစီ (၃၀၀၀) မှ စတင်ခဲ့ကြ၍ အေဒီ (၄၀၀)တွင် ပျက်သုဉ်းခဲ့ကြသည်။[၂] ဤစာပေလက်ရာများကို မူလအားဖြင့် ကျောက်ချပ်၊ ရွှံ့စေးချပ်များတွင် ထိန်းသိမ်းခဲ့ကြပြီး စာရေးတော်များက သပ်ဖြင့် ရေးထွင်းသည့် အရေးအသားတစ်မျိုး (cuneiform) ဖြင့် ရေးသားခဲ့ကြသည်။ ရှည်လျှားသော အပိုင်းအစအနည်းငယ်သာ ရှင်သန်ကျန်ရစ်ပြီး အချို့သော အပိုင်းများတွင် ပါဝင်သော ဇာတ်လမ်းပုံပြင်များကို ကမ္ဘာ့ရှေးအကျဆုံးဟူ၍ ယူဆကြကာ ထိုအပိုင်းအစများက သမိုင်းပညာရှင်များကို မက်ဆိုပိုတေးမီးယား အတွေးအခေါ်၊ စကြဝဠာသဘောတရားများကို နက်နက်နဲနဲ သိမြင်စေခဲ့သည်။
မှတ်စုပြင်ဆင်
ကိုးကားပြင်ဆင်
- ↑ Oxford English Dictionary
- ↑ "Mesopotamian religion" (in en)၊ Encyclopedia Britannica။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |