မက်ပါကရင်နှင့် ပယ်လျူဒရင်
မက်ပါကရင်နှင့် ပယ်လျူဒရင်
ပြင်ဆင်ရန်ငှက်ဖျားရောဂါသည် လူများကိုသေကြေပျက်စီးစေသော ရောဂါဆိုးကြီးဖြစ်သဖြင့် များစွာကြောက်မက်ဖွယ် ကောင်းပေ သည်။ ကွီနိုင်ဆေးကို လိုသလောက်မရနိုင်ခဲ့လျှင် ငှက်ဖျား ရောဂါကို မည်သို့မျှ မကာကွယ်နိုင်ပေ။ ကွီနိုင်အစား အသုံးပြု နိုင်မည့် အခြားဆေးဘက်တစ်မျိုးကို ကြံဆကြရာတွင် မက်ပါ ကရင် ခေါ်သော ဆေးကို ခရစ် ၁၉၄၂ ခုနှစ်လောက်ကတွေ့ရှိ ကြလေသည်။ မက်ပါကရင်သည် ငှက်ဖျားရောဂါကို တိုက်ဖျက် ရာ၌ ကွီနိုင်ထက် ၃ ဆမျှပို၍ တန်ခိုးအာနိသင် ရှိပေသည်။ မက်ပါကရင်နှင့် ကွီနိုင်တို့မှာ ငှက်ဖျားရောဂါကို အမြစ်ပြတ်အောင် မဖြတ်နိုင်ကြသောကြောင့် မက်ပါကရင်ထက် တန်ခိုးအာနိသင် ထူးကဲသော ဆေးတစ်မျိုးကို တစ်ဖန် စီမံ ကြံဆောင်ကြပြန်လေသည်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလဆန်း လောက်တွင် ဗြိတိသျှဓာတ်ခွဲရုံတစ်ခုမှ ပယ်လျူဒရင် ခေါ် ဆေးတစ်မျိုးကိုတွေ့ရှိကြောင်း ကြေညာလေသည်။ ပထမဦးစွာ ဖော်စပ်သူများမှာ ဒေါက်တာအက်ဖ၊ အိပ်ချ၊ အက်စ၊ ကတ်၊ ဒေါက်တာ ဒီ၊ ဂျီ၊ ဒေဗီနှင့် မစ္စတာ အက်ဖ၊ ရို့ ဆိုသူ သိပ္ပံ ကဝိကြီးများ ဖြစ်ကြသည်။ ပယ်လျူဒရင်ဆေးတွင် ငှက်ဖျား ရောဂါအတွက် ကောင်းသောအချက် ၃ ချက်ရှိသည်။ ပထမ အချက်မှာ ရောဂါပိုးပါရှိသည့်ခြင်ကောင်ကိုက်ခြင်း ခံရသည့် တိုင်အောင် ရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်နိုင်ခြင်း၊ ဒုတိ ယ အချက်မှာ ငှက်ဖျားရောဂါဖြစ်မည့် အရိပ်အရောင်လက္ခဏာ များ ပေါ်ပေါက်လာသည့်တိုင်အောင် ရောဂါကို ထိရောက်စွာ တိုက်ဖျက်နိုင်ခြင်း၊ တတိယအချက်မှာ ငုပ်နေပြီးမှ ပြန်ပေါ် တတ်သော ငှက်ဖျားရောဂါကို အောင်မြင်စွာ ကာကွယ်နိုင်ခြင်း တို့ ဖြစ်သည်။
ပယ်လျူဒရင်ကို ရှာဖွေတွေ့ရှိသည်နှင့် တစ်ပြိုင်နက်
ကမ္ဘာသို့ ထုတ်ဖော်ကြေညာခြင်း မပြုသေးဘဲ လပေါင်းအတော်
ကြာကြာ လျှို့ဝှက်ထားသေးသည်။ ဤသို့ လျှို့ဝှက်ထားခြင်းမှာ
ဓာတုဗေဒဘက်ဆိုင်ရာ အခွင့်အရေးများ၊ သုတေသန လုပ်ငန်း
ပြုရာ၌ ကုန်ကျသော ငွေကြေးအခြေအနေ စသည်တို့ကြောင့်
ဖြစ်သည်။ သို့ရာတွင် နောက်ဆုံး၌ ဗြိတိသျှသိပ္ပံကဝိများသည်
တစ်ကမ္ဘာလုံး၏အကျိုးကို ထောက်ရှုကာ ထုတ်ဖော်အသိပေး
လိုက်ကြသည်။ ယခုအခါ ကမ္ဘာပေါ်ရှိ ဓာတ်ခွဲရုံအသီးအသီး၌
ပယ်လျူဒရင်ကို ကြိုက်နှစ်သက်သလို ဖော်စပ်ယူနိုင်ကြပေပြီ။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)