မဂဓတိုင်း
မဂဓတိုင်းသည် ယခုအခါ ဂယာနှင့် ပဋနာခရိုင်တို့၏အတွင်း၌ ပြန့်နှံ့၍ တည်ရှိခဲ့သည်။ ယင်း မဂဓတိုင်း၏ မင်းနေပြည်မြို့တော်သည် ဂိရိဗ္ဗဇ သို့မဟုတ် ရာဇဂဟ (ခေါ်) ရာဇဂြိုဟ်မြို့ ဖြစ်သည်။ ယင်းရာဇဂဟမြို့သည် တောင်တို့ဖြင့် ဝိုင်းရံလျက် ရှိခဲ့သည်။ ယင်းတောင်တို့၏ အမည်မှာ -
- ဣသိဂိလိ
- ဝေပုလ္လ
- ဝေဘာရ
- ပဏ္ဍဝ နှင့်
- ဂိဇ္ဈကူဋ တို့ဖြစ်လေသည်။
မဂဓတိုင်း | |
---|---|
မြို့တော် | ရာဇဂဟမြို့ Later, Pataliputra (modern-day Patna) |
ကိုးကွယ်မှု | ဂျိန်းဘာသာ ဗုဒ္ဓဘာသာ ဟိန္ဒူဘာသာ |
အစိုးရ | Absolute Monarchy as described in the Arthashastra |
ငွေကြေး | Panas |
ဤမြို့ကိုဖြတ်လျက် တပေါဒါမြစ် စီးဆင်းခဲ့သည်။ သေနာနီ နိဂုံးသည်လည်း မဂဓတိုင်း၏သာလျှင် တစ်ခုသော နှလုံးမွေ့လျော်ဘွယ်ရာ တောအရပ် ဖြစ်လေသည်။ ဧကနာလာ၊ နာလကဂါမ၊ ခါဏုမတ နှင့် အန္ဓကဝိန္ဒ တို့သည် ဤတိုင်း၏ထင်ရှားသောမြို့များ ဖြစ်လေသည်။ ဝဇ္ဇီတိုင်းနှင့် မဂဓတိုင်းတို့၏ အလယ်ကြား၌ ဂင်္ဂါမြစ်ကြီးသည် အပိုင်းအခြားဖြစ်ခဲ့သည်။ ထိုနေရာ၌ နှစ်ဖက်သောနိုင်ငံမင်းတို့၏တူညီသော အုပ်စိုးပိုင်ဆိုင်မှု ရှိခဲ့လေသည်။ အင်္ဂတိုင်းနှင့် မာဂဓတိုင်း၌ ရံခါရံခါတွင် စစ်တိုက်ခြင်းကို ပြုခဲ့သည်။ တစ်ကြိမ်က ဗာရဏသီမင်းသည် မဂဓ နှင့် အင်္ဂတိုင်း နှစ်တိုင်းလုံးကို မိမိလက်အောက်ခံပြု၍ သိမ်းပိုက်ခဲ့သည်။ ဗုဒ္ဓခေတ်၌ အင်္ဂတိုင်းသည် မဂဓတိုင်း၏ လက်အောက်ခံဖြစ်လေသည်။
မဂဓနှင့် ကောသလ၌လည်း အကြိမ်များစွာ စစ်တိုက်ခြင်းပြုလုပ်ခဲ့သည်။ နောက်ကာလ၌ အဇာတသတ်မင်းသည်လိစ္ဆဝီမင်းတို့၏ အကူအညီဖြင့် ကောသလတိုင်းအပေါ်၌ အောင်နိုင်ခြင်းကို ရရှိခဲ့လေသည်။ မဂဓတိုင်း၌ ဇီဝက ကောမာရဘစ္စသည် ဘာရတနိုင်ငံတွင် ထင်ရှားသော ဆေးဆရာဖြစ်လေသည်။ ဇီဝက၏ ဆေးပညာ သင်ကြားခဲ့ခြင်းသည် တက္ကသိုလ်မြို့၌ ဖြစ်ခဲ့သည်။
ရာဇဂြိုဟ်မြို့၌ ရှဉ့်နက်တို့ကို အစာကျွေးရာ ဝေဠုဝန အရပ်သည် ထင်ရှားသော ဘုရားကျောင်းတော် ဖြစ်လေသည်။ ရာဇဂြိုဟ်မြို့၌ပင်လျှင် ပထမသိင်္ဂီတိပွဲတော်ကြီး ဖြစ်ပေါ်ခဲ့သည်။ ရာဇဂြိုဟ်မြို့၏အနီး၌လျှင် နာလန္ဒာသည် တစ်ခုသော ရွာငယ်ဖြစ်လေသည်။ မဂဓတိုင်း၏ တစ်ခုသော အလွန်ထင်ရှားသော ခံတပ်ဖြစ်ခဲ့သည်။ ယင်းကို ပြင်ဆင်မွမ်းမံခြင်းကို ဝဿကာရအမတ်ကြီးသည် ပြုစေခဲ့သည်။ နောက်ကာလ၌ မဂဓတိုင်း၏ မင်းနေပြည်မြို့တော်သည် ပါဋလိပုတ်မြို့ ဖြစ်ခဲ့သည်။ အသောကမင်းခေတ်၌ ယင်းမြို့၏နေ့စဉ်ဝင်ငွေမှာ လေးသိန်းကျပ် ဖြစ်လေသည်။ [၁]
မဂဓတိုင်းကြီးကို စိုးမိုးအုပ်ချုပ်မင်းလုပ်သော မင်းကြီးကား ဗိမ္ဗိသာရမင်းတရားကြီး ဖြစ်၍ လူနေ အိမ်ခြေ အထူးစည်ကားသော ရာဇဂြိုဟ် မြို့ကြီးကား မင်းနေပြည်တော်ကြီးဖြစ်၍ မြတ်စွာဘုရား လက်ထက်တော်၌ ရှေးဦးစွာ အလောင်းတော်ဘဝက ဒုက္ကရစရိယာကျင့်တော်မူရာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ရှေးဦးစွာ မြတ်စွာဘုရားသာသနာတော် ပွားစီးလျက် ထွန်းကားသော နေပြည်တော် နှင့် တိုင်းကြီး ဖြစ်ခဲ့၏။ ၎င်းဗိမ္ဗိသာရမင်းတရားကြီး နတ်ရွာစံပြီးနောက် သားတော် အဇာတသတ္တုမင်းတရား ထီးနန်းဆက်ခံ စိုးစံအုပ်ချုပ်လျက် မြတ်စွာဘုရားထံ ဆည်းကပ်၍ သာမညဖလသုတ္တန် နာယူပြီး သာသနာတော်ကြီး၌ အထူးကြည်ညိုလေးစား ပုထုဇဉ်အနေအား ဧတဒဂ်ထားလောက်သော မင်းတစ်ပါးဖြစ်ခဲ့လေ၏။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ ဘဒ္ဒန္တဇောတိကာဘိဝံသ ပါဠိပါရဂူ၊ သိရီပဝရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ (သက္ကတ, ပါကတ, ပါဠိ, ဟိန္ဒီ, အင်္ဂလိပ် ၅-ဘာသာ) ဘာသန္တရကောဝိဒ၊ ဇောတိကာရုံစာချကျောင်း၊ တောင်ထီးလင်းတိုက်၊ မန္တလေးမြို့။ (ဗုဒ္ဓခေတ် ဘာရတနိုင်ငံ ပထဝီဝင် လေ့လာချက် စာအုပ်)
- ↑ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)။