မင့်ဉာဏ်ကအလွန်ရိုင်း
မင့်ဉာဏ်ကအလွန်ရိုင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
ပြင်ဆင်ရန်ဦးကျော်လှ အသက် (၂၈) နှစ်တွင် သံချိုဆရာ မောင်ဉာဏ်ကျယ်၏ သံချိုစာ၌ အသုံးအနှုန်း ညံ့သည့်အကြောင်း ဖွဲ့ဆိုထားသည့် သံချိုကဗျာ ဖြစ်သည်။
မင့်ဉာဏ်ကအလွန်ရိုင်း
ပြင်ဆင်ရန်သံခိတ္တံ တရားကိုယ်နှင့်၊ စကားတို မရှေလျားပြီဘူ့၊ ရွှေဓားဝယ်ဗိုလ်အရှင်က၊ နောင်မဂ္ဂင်နိဗ္ဗာန်ထိရစေဘို့၊ သဒိဿ အလှူပေးတွင်မှ၊ ရုပ်သေးတော်မဟာကို၊ ပျော်စရာခေါ်ကာကနိုင်သနှင့်၊ ပွဲသုံးညရတ္ထိယံ။
ဝေမှောင်ကို နေရောင်ပေါ်သည့်နှယ်၊ ရွှေသောင်ပျော် မောင်ကျော်လှငဲ့ကို၊ မျှော်တကာ စိတ်ရည်စူးလို့၊ ချောင်းဦးဆယ်ရွာသားနှင့်၊ နှုတ်ဖျားဉာဏ် စာကစစ်ကြလိမ့်၊ အများပင်ကြားချင်တဲ့ ခေတ်ဟာမို့၊ အားသစ်နှင့်ပြန်။
စွဲသန်လျက်ကယ်နှင့်၊ ဝဲဘက်မှာ ဝင်းတော်မှူးတဲ့၊ မြေတူးပိုင်သေနင်မတ်ကယ်က၊ မွေဓာတ်တော် ရောင်စုံညိတဲ့၊ မြတ်မုနိ စိန္တေယျာ၏၊ မြောက်မျက်နှာမုခ် လိုဏ်နဘေးတွင်မှ၊ ရုပ်သေးစုံ အမှုထမ်းခဲ့ရ၊ ချီးမွမ်းကာဆိုဘို့ ကောင်းပါငဲ့၊ ရွာမောင်းထောင် သူ့ကိုကြောက်သောကြောင့်၊ ရုပ်ဖျောက်ကွယ်လွယ်ရာမှာ ပုန်းသည်ဟု၊ စာကုံး၍ ဆိုနှင့်ပြန်၊ မင်းဉာဏ်ကအလွန်ရိုင်း။
ဆောင်တော်နီ ပိုင်သည့်မင်းရယ်က၊ သီချင်းဆိုနှစ်ဉာဏ်တြွရအောင်၊ သံထဲမှာ ဆင့်ဆိုလျက်ကယ်နှင့်၊ နံနက်ကယ်ညီလာခံက၊ မင်းကြီးထံ ခွင့်ပန် လျှောက်သောကြောင့်၊ လှဆရာပြလှာရောက်တဲ့ရှင်၊ နာလောက်အောင် ဉာဏ်ကဖျင်းသူမို့၊ သံကွင်းရှေခွေးချည်ကြိုးနှင့်၊ တုတ်မိုးကာ ဆောင်တော်ကိုင်တို့က၊ ကျော်ရိုင်ကို ချည်၍ထားမရတဲ့၊ စကားမသိမ်မွေ့လေခြင်း၊ ခွေးဉာဏ်ကို ခွေးလှန်နှင့်တေ့ခဲ့၊ ဒဏ်ပြေကာ ခုသည်ညမှာဖြင့်၊ ပစပ်ဟာလှပ်ခါ(ဟ)တော့၊ ဆရာကြူလျှာထူလို့ ပွရစ်စေ၊ ခွေးမအတိုင်း။
ခက်ဆစ်
ပြင်ဆင်ရန်၁။ သံခိတ္တံ = သံခိတ္တ၊ အကျဉ်းချုံးအပ်သော။
၂။ သဒိသ = တူသော၊ တော်လျော်သော။
၃။ ရတ္တိယံ = ညဉ့်အခါ။
၄။ မုနိ = ဘုရား။
၅။ စိန္တေယျာ = ဘုရား။
မှတ်ချက်
ပြင်ဆင်ရန်ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။