မင်းဆက်အပြောင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ

ပြင်ဆင်ရန်

၁၂၆၇ ခုနှစ်တွင် ကောင်းကင်၌ ထွန်းလင်းသော သောကြာဂြိုဟ်စသည်တို့ အသွားမမှန်မှုကြောင့် ဖြစ်တတ်သော အကျိုးအပြစ်တို့ကို ပြဆိုကာ ရေးဖွဲ့ထားသည်။

မင်းဆက်အပြောင်း

ပြင်ဆင်ရန်

မဖြောင့်မသာဘု၊ ထောင့်နှစ်ရာခြောက်ဆယ်လွှမ်း၍၊ အစွန်းပိုခုနစ်ခုတွင်မှ၊ ထွန်းဂြိုဟ်စုသွားအလာ။

သောကြာမှာတည်ရာက၊ တရာသိသူကျော်၍၊ ဂြိုဟ်ပေါ်မှာတမူပြင်လို့၊ တူခွင်သူဝင်စားပြန်က၊ ကျားဗျဂ္ဃ မင်းရာဇာ။

ရှစ်လတိုင်တာရှည်နားမိမှ၊ လက်စားပင်ပြန်၍ ဆက်လိမ့်မတဲ့၊ လောကထွက်ပြင်အဇဋာ၊ မြင်ရှာလိမ့်လူပေါင်း။

ဟိတ် မသာ၊ ကိတ်ရာဟု ရယ်က၊ ဘာဏု နေအရောင်ညှိုးအောင်လို့၊ မှောင်ကိုးကာရန်ရှာ၍၊ စန္ဒရာ အလည်ကြောရယ်က၊ ကြက်ရောဟဏီသူပွေ၍၊ မဟီဗွေ၊ သည်မြေချုပ်ပါလို့၊ ရွှေဂဠုန် လေဟုန်သုတ်ချေပေါ့၊ သမုတ်ဗွေ၊ ရေနာဂ ရယ်တို့၊ ပါပကုန်စနေပျက်ပြီမို့၊ တစင်နေ တနင်္ဂနွေထွက်ပါလိမ့်မကွယ်၊ မင်းဆက်အပြောင်း။

၁။ ကျားဗျဂ္ဃ = တနင်္လာဂြိုဟ်။

၂။ ပြင်အဇဋာ = ကောင်းကင်ပြင်။

၃။ ဟိတ် = ဖြစ်ပျက်သည့် အကြောင်းရင်း။

၄။ ကိတ်ရာဟု = ကိတ်ဂြိုဟ်၊ ရာဟုဂြိုဟ်။

၅။ ဘာဏု = တနင်္ဂနွေဂြိုဟ်၊ နေ။

၆။ စန္ဒရာ = လ။

၇။ မဟီဗွေ = မြေအပြင်။

၈။ ရွှေဂဠုန် = တနင်္ဂနွေဂြိုဟ်။

၉။ ရေနာဂ = နဂါးဂြိုဟ်၊ စနေဂြို်ဟ်။

မှတ်ချက်

ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။