ဦးမင်းမင်း (၁၉၆၉ ဖွား) သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဖြစ်သည်။[၁] ထိုမတိုင်မီက သူသည် ယင်းဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဖြစ်ခဲ့သည်။[၂]

ဦးမင်းမင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၅ စက်တင်ဘာ ၂၀၂၃
ယခင်လူဦးညွန့်အောင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၉
မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့
မိခင်ကျောင်းစစ်တက္ကသိုလ်

ပညာရေး ပြင်ဆင်ရန်

သူသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၃၃) ဆင်းဖြစ်သည်။

ဝန်ထမ်းဘဝ ပြင်ဆင်ရန်

ဦးမင်းမင်းသည် တပ်မတော်သားဘဝမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန သို့ ပြောင်းရွှေ့လာပြီးနောက် ရာထူးအဆင့်ဆင့်တိုးကာ ၂၀၁၃ခုနှစ် မေလ ၂၃ရက် တွင် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ် ရာထူးတိုးခံရသည်။ [၃]သူ၏ အထက်အရာရှိ ကုန်သွယ်ရေးညွှန်ချုပ် ဦးရန်နိုင်ထွန်း အထူးကုန်စည်လိုင်စင်ကိစ္စဖြင့် ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီ လ တွင် ရာထူးမှ ထုတ်ပယ်ခံရပြီးနောက် သူသည် ထိုဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် ဖြစ်လာသည်။[၄] [၅]၂၀၂၁ စစ်အာဏာသိမ်းခံရပြီးနောက် သူသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ရာထူး အထိ တာဝန်ပေးခံရသည်။

ဒုတိယဝန်ကြီးဘဝ ပြင်ဆင်ရန်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တာဝန်မှ အနားပေးခံရပြီးနောက် သူသည် ထိုသူ၏ နေရာသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် အစားထိုးဝင်ရောက်ကာ ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။[၆]

ကိုးကား ပြင်ဆင်ရန်

  1. စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း မဲခေါင်-လန်ချန်း သစ်သီးပွဲတော်(မြန်မာ)တွင် မြန်မာနိုင်ငံမှ ပါဝင်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်Myanmar Radio and Television (၆ အောက်တိုဘာ ၂၀၂၃)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း “ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေး”သို့ တက်ရောက်အမှာစကားပြောကြားMYANMAR NATIONAL PORTAL (၁၃ ဇူလိုင် ၂၀၂၂)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၄၂/၂၀၁၃၂၀၁၃ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၂၃ မေ ၂၀၁၃)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ကုန်သွယ်ညွှန်ချုပ်ရာထူးက ထုတ်ပယ်ခံရပေမဲ့ အဂတိတိုက်ဖျက်ရေး ကော်မရှင်နဲ့ ပတ်သက်မှုမရှိသေးVOA Burmese (၁၅ ဇန်နဝါရီ ၂၀၁၉)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကုန်သွယ်မှုဖြင့် နိုင်ငံ့စီးပွား ဖြည့်တင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မျှော်မှန်းဆောင်ရွက်Myanmar Digital News (၁၂ မေ ၂၀၂၀)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းMOI Myanmar (၂၅ စက်တင်ဘာ ၂၀၂၃)။ ၆ နိုဝင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။