အဖွဲ့အနွဲ့ကောင်းမွန်ပြည့်စုံ၍ အကောင်းဆုံး ဧချင်း တစ်စောင်ဟု ဆိုရသော မင်းရဲဒိဗ္ဗဧချင်းသည်လည်း တောင်ငူခေတ်အတွင်း၌ ပေါ်ပေါက်ခဲ့၍ လက်ဆောင်ယူမှူး ရှင်သံခိုသည် မြန်မာသက္ကရာဇ် ၉၇၅–၉၈ဝ ခန့်အတွင်းက စပ်ဆိုခဲ့သည်ဟု ခန့်မှန်းရသည်။ ဧချင်းတို့၏ စည်းမျဉ်းထုံးတမ်းအတိုင်း မိမိ၏ အရှင်သခင်၏ ဘုန်းတော်ကိုဖွဲ့ဆိုရာ၌-

ဧ နတ်ဖက်တမျှ၊ ရှင့်ဖမင်းဖျား၊ စံကျောင်းများ ကို၊
ကိုယ်ပွားထောင်ဖြစ်၊ ဖန်ဆင်းလှစ်၍၊ ရာနှစ် ရှည်ကျော်၊
ချီးကျူးသော်လည်း၊ ကျွန်တော်လုံးခြုံ၊ လျှောက်မကုန်ခဲ့…ဧ

ဟူ၍ ရိုးရိုးကလေးနှင့် အထူးလေးနက် ခမ်းနားပေါ်လွင်စွာ ဖွဲ့နွဲ့ခဲ့လေသည်။

ထိုဧချင်းသည် အဘက်ဘက်၌ ပြည့်စုံသည်ဟု ဆိုကြခြင်းမှာ ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့၏ ဘုန်းလက်ရုံး တန်ခိုးတေဇောတို့နှင့် စက်မက်တိုက်ခိုက်ခြင်း တို့ကိုသာလျှင် အစဉ်တစိုက် မဖွဲ့နွဲ့ဘဲ မဟာကုသိုလ်တော်ကြီး များ အကြောင်းကိုပါ ထည့်သွင်းစပ်ဆိုထားခြင်းကြောင့် ဖြစ်လေသည်။

ကိုးကား ပြင်ဆင်ရန်