ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် တွင် တည်ရှိသည်။ ညောင်လေးပင်မြို့၏ အနောက်မြောက်ဘက် ၅ မိုင် ၉ ကီလိုမီတာခန့် တွင် တည်ရှိသည်။ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၏ ဘေးတွင်တည်ရှိသည်။ ရန်ကုန်-မန္တလေးသွားရထားလမ်းပေါ်တွင်တော်ဝိ ခေါ်သည့် မီးရထားဘူတာရုံးရှိသည့်ရွာကို သတိထားမိကြလိမ့်မည်။တော်ဝိ ၏အနောက်တောင်ဘက်ယွန်းယွန်း၊ မိုင်ဝက်သာသာလောက်တွင် မြို့ဟောင်းကလေးတစ်ခုကိုကောင်းကင် ဓာတ်ပုံ၌ဖတ်ရှုတွေ့ရှိရသည်။ မြို့ဟောင်းမှာများစွာပင် ပွန်းတီးနေခဲ့လေပြီ။ ဤမြို့ဟောင်းသည် မင်းရဲလှ မြို့ဟောင်းပင်ဖြစ်၏။ ထော်ဝိမှနောက်ဘက်တွင် ရန်ကုန်-မန္တလေး ကားလမ်းမကြီးရှိသည်။ ကားလမ်းမကို ဖြတ်ကျော်၍ လယ်ကွင်းထဲဆင်းကာ ပေ၅၀ဝခန့် လျှောက်လိုက်လျှင်ပင် မင်းရဲလှ မြို့ဟောင်းသို့ရောက်ပြီး ဖြစ်နေပေလိမ့်မည်။

တည်နေရာ ပြင်ဆင်ရန်

မင်းရဲလှ မြို့ဟောင်းသည် မြောက်ဘက်လတ္တီတွဒ် ၁၈ဒီဂရီသာသာခန့်နှင့် အရှေ့လောင်ဂျီ တွဒ် ၉၆ဒီဂရီ ၄၄.၈မိနစ်တွင် တည်ရှိသည်။ မြောက်ဘက်တွင် ပေါက်ကုန်းလေးရွာ၊ အရှေ့မြောက်ဘက်တွင်တော်ဝိရွာ ၊အနောက်ဘက်တွင်လေးအိမ်စု၊ တောင်ဘက်တွင် သရက်ကုန်း ကျေးရွာသည် မင်းရဲလှ မြို့ဟောင်း အရှေ့တောင်ထောင့်စွန်းမှ အခြေခံပြီး အရှေ့တောင်ဘက်ဆီသို့ ဆက်၍ ဦးတည်သွားသည့် ရွာတန်း ရှည်ကလေးတစ်ခုဖြစ်ပေသည်။

ပုံသဏ္ဌာန် ပြင်ဆင်ရန်

မင်းရဲလှ မြို့ဟောင်းသည် စတုဂံပုံသဏ္ဌာန်ရှိသည့်မြို့ဖြစ်သည်။ ထောင့်မှန်တိတိကျကျမဟုတ် စေကာမူ ထောင့်မှန်စတုဂံပုံသဏ္ဌာန်အုပ်စုဝင် မြို့ဟောင်းတစ်ခုဖြစ်သည်။ အလျားပို၍ ရှည်သဖြင့် ပုံသဏ္ဌာန်မှာသွယ်လျသည်။ ထူးခြားချက်မှာ တောင်နှင့်မြောက်ရှည်ပြီး အရှေ့အနောက်ကျဉ်းသည့် မြို့ဖြစ်သည်။ မြို့၏အရာဟောင်းတစ်ခုလုံးကို ခြုံ၍ တိုင်းတာခန့်မှန်းကြည့်လျှင် အလျား၇၅၀မီတာ နှင့် အနံ(ကျုံးနယ်အပါအဝင်) ၄၃၇ မီတာခန့်ရှိသည်။ ၇၉-၈၀ ဧကခန့်မျှပင် ရှိသည်။ မြို့ဟောင်း အတွင်းဧရိယာမှာ ဧက ၅၇ဧက ခန့်မျှရှိပေသည်။ ကျုံးပတ်လည်ရှိခဲ့ဖူးသည့် မြို့ဟောင်းဖြစ်သည်။ မြို့တွင်းမြို့ပြင် လယ်ယာမြေများနှင့် ပြည့်လျက်ရှိလေပြီ။

ပွန်းတီးမှု ပြင်ဆင်ရန်

မြို့ရိုးများမှာလည်း များစွာပွန်းတီးခဲ့လေပြီ။ မြောက်ဘက်မြို့ရိုးပိုင်းသည် ပျက်စီးနိမ့်ကျဆုံး ဖြစ်သည်။ မြို့ထောင့်လေးဖက်စလုံး၌ မြို့ထောင့်စေတီများရှိခဲ့ဖူးသည့် လက္ခဏာလည်းရှိသည်။ ပွန်းတီးမှုများစွာဖြစ်နေသည်ကို တွေ့ရစေကာမူမြို့၏ ပုံသဏ္ဌာန်အနေအထား၊ တည်ဆောက်ပုံ စနစ်များအရ စောလွန်းသည့် ခေတ်ပိုင်း၌ တည်ထားသည့် မြို့ဖြစ်ဟန်မတူပေ။

ကိုးကား ပြင်ဆင်ရန်