မင်းရဲအောင်ဒင်နတ် သည် မြန်မာ့မိရိုးဖလာနတ်တစ်ပါး ဖြစ်သည်။ မင်းရဲအောင်နတ်ဟုလည်း ခေါ်ကြသေးသည်။[၁]

သမိုင်း ပြင်ဆင်ရန်

မင်းရဲအောင်ဒင်သည် အနောက်ဘက်လွန်မင်း၏ သားတော်ဖြစ်သည်။ အရက်သေစာများ အသောက်အစားများ၍ သေဆုံးခဲ့ရာမှ နတ်ဖြစ်လာခဲ့သည်။[၁]

ရုပ်တုထုလုပ်ခြင်း ပြင်ဆင်ရန်

ရုပ်တုပုံဟန်မှာ လူငယ်တစ်ယောက် ကြာပလ္လင်ပေါ်၌ မင်းသားအသွင် ထိုင်ပြီး စောင်ကိုပိုက်နေဟန် ဖြစ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၀၃၊ ၁၀၆။