မင်းလမ်းငယ်စပ်ခါ၊ အောင်ပင်လယ် ကြာချပ်ငယ်ကြိုး

မင်းလမ်းငယ်စပ်ခါ ပြင်ဆင်ရန်

မင်းလမ်းငယ်စပ်ခါ။ လူးလာငယ် ပြန်သွား။ ရွှေပြည်မြို့ကြီးသူငယ်မှာ။ တိုးပင် တိုးမအား။ ။ လက်ဖျားဆွတ်ခါခါတည့်လေ။ သက်ထား တူမကွာတည့်လေး။ ။ ဘုန်းပန်းငယ် စက်ခြည်။ ရွှေပြည်တော်နှင့် မဝေး။ မေရုဓာတ်တော်။ ကျိန်းဝပ်ကယ်ပျော်။ တောင်တော်မန္တလေး။ ။ ကြင်ရေး ကြင်ရေး မေတ္တာနှောင်။ ဆက်တိုင်းဖူးရအောင်။ ။ ရွှေညောင်ရေနှင့် သွန်းလောင်း။ သွန်းတည့် သွန်းလောင်း။ ။ နှင်းပေါင်း ပန်းပေါင်း-ရည်။ တည့်တည့် ည ညနေတိုင်းပင်လေတည့်။ ည ညနေတိုင်းပင်။ ။

ကျေးဇူးတင်ပါသည် ပြင်ဆင်ရန်

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/