မင်းလူ

ဘဝသရုပ်ဖော် စာရေးဆရာ
မင်းလူ
မင်းလူ
မွေးသက္ကရာဇ် ၁၉၅၄ ခုနှစ်၊ မေလ ၁၈ ရက်
အမည်ရင်း ဉာဏ်ပေါ်
နိုင်ငံ မြန်မာ
မိဘအမည် ဦးသာဓု + ဒေါ်ခင်ညို
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
အလုပ်အကိုင် စာရေးဆရာ၊ ကဗျာဆရာ၊
ကလောင်ခွဲ တောကျောင်းဘုန်းကြီး
မွေးဖွားရာဒေသ အမှတ် (၁၄၇)၊ (၄၇) လမ်း ရန်ကုန်မြို့
ထင်ရှားကျော်ကြားမှု

ကိုယ်ရေး ဖြစ်စဉ် ပြင်ဆင်ရန်

မင်းလူကို စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာ ဦးသာဓု၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ညို တို့မှ ရန်ကုန်မြို့ အမှတ် (၁၄၇) (၄၇)လမ်းတွင် မေ ၁၈ ရက်နေ့ ၁၉၅၄ ခုနှစ်၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်းမှာ မောင်ဉာဏ်ပေါ် ဖြစ်သည်။


၁၉၅၉ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ စိန်ပေါ အထက်တန်းကျောင်း (နောင် အထက (၆)၊ ဗိုလ်တထောင်) ၌ ပညာသင်ကြားခဲ့သည်။ ၁၉၆၈ မှ ၁၉၇၂ အထိ အထက (၁) သင်္ကန်းကျွန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ပြီး အခြေခံပညာ အထက်တန်း အောင်မြင်ခဲ့သည်။ ကျောင်းသားဘဝတွင် စာပေ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ အတွင်းရေးမှူးနှင့် သိပ္ပံပညာအသင်း တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။


၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိ ရန်ကုန် တက္ကသိုလ်တွင် တက်ရောက် သင်ကြားပြီး ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ) ကို ရရှိခဲ့သည်။ တက္ကသိုလ် နံရံကပ် စာစောင်နှင့် နှစ်ပတ်လည် မဂ္ဂဇင်း တို့တွင် တောကျောင်း ဘုန်းကြီး အမည်ဖြင့် ကဗျာများရေးသားခဲ့သည်။ စာအုပ်ထုတ်ဝေရေးလုပ်ငန်းလုပ်ဆောင်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ခေတ္တထိန်းသိမ်းခံခဲ့ရသည်။


၁၉၇၆ ခုနှစ်တွင် ရုပ်ရှင် ပဒေသာ မဂ္ဂဇင်း၌ ""နေဝင်သွားတော့ လထွက်သည်"""ဝတ္ထုတို စတင် ဖော်ပြခံပြီး စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။


မစန်းစန်းအောင် (တက္ကသိုလ် စာကြည့်တိုက် ဝန်ထမ်း) နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သူမ နှင့် စာရေးဆရာမ ယုယဟူ၍ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ညွှန်းများစတင်ရေးသားခဲ့သည်။

၁၉၈၉ ခု၊ စက်တင်ဘာလ ၂၆ ရက်တွင် "ဘာတွေဖြစ်ကုန်ကြပြီလဲ" ဆိုသည့် ၁၉၈၈ နောက်ပိုင်း ခေတ်စနစ်ကို ရောင်ပြန်ဟပ်စေသည့် ကဗျာရှည်ကို ရေးသားခဲ့သည့်အတွက် တည်းဖြတ်သူ မျိုးမြင့်ညိမ်း၊ ထုတ်ဝေသူ ကိုစိန်လှိုင်တို့နှင့်အတူ ထောင်ဒဏ် (၇) နှစ် ကျခံခဲ့ရသည်။ [၁][၂]

၁၉၉၁ မှ ၁၉၉၃ ထိ စာအုပ်များ ရေးသားထုတ်ဝေနိုင်ခြင်းမရှိခဲ့ချေ။

၂၀၀၉ ခုနှစ်တွင် "မင်းကိုဉာဏ်"ကလောင်အမည်ခွဲဖြင့် ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတွင် "ဖတ်ကြည့်ပါ"(စာအုပ်အညွှန်း ကဏ္ဍ)ကို စတင်ရေးသားခဲ့သည်။

မိသားစုနှင့် အတူ သင်္ကန်းကျွန်း သာဓုခြံရှိ မိခင်၏နေအိမ်တွင် နေထိုင်၍ ဝတ္ထု၊ ကဗျာ၊ အက်ဆေး၊ ဇာတ်ညွှန်းများ ရေးသားခဲ့သည်။ ထုတ်ဝေပြီး စာအုပ်များကို ရုပ်ရှင်ဇာတ်ညွှန်းများစွာ ရိုက်ကူးခြင်းခံခဲ့ရပြီး အများစုကို ကိုယ်တိုင်ဇာတ်ညွှန်း ရေးခဲ့သည်။

ဘဝနိဂုံး ပြင်ဆင်ရန်

မင်းလူသည် အသက် ၅၉ နှစ် တွင် အဆုတ်ကင်ဆာရောဂါဖြင့် ၂ဝ၁၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ည ၁၁ နာရီခွဲ က ရန်ကုန် ဝိတိုရိယ ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။[၁]

ရေးသား ပြုစုခဲ့သော စာအုပ်များ ပြင်ဆင်ရန်

  1. ပန်းကျောင်း (ပထမဆုံး လုံးချင်းဝတ္ထု) - ၁၉၇၇ ခုနှစ်
  2. အချစ်လားဟေ့ ဝင်ခဲ့လေကွယ် (ကဗျာစာအုပ်)-၁၉၇၈ ခုနှစ်
  3. သာဓု အင် ဆန်း(စ်) (ဖခင် ဦးသာဓု၊ အစ်ကိုများဖြစ်သော မောင်ဝဏ္ဏ၊ သုမောင်တို့နှင့် တွဲဖက်၍ ထုတ်ခဲ့သောစာအုပ်) -၁၉၇၈ ခုနှစ်
  4. ချစ်သော ပန်းကလေးများ - ၁၉၇၉ ခုနှစ်
  5. ကဗျာစာအုပ်များကို သူငယ်ချင်းကဗျာဆရာများနှင့် တွဲဖက်၍ ထုတ်ခဲ့။- ၁၉၇၉ ခုနှစ်
  6. အမုန်းအလိုမရှိ - ၁၉၈၀ ခုနှစ်
  7. အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း - ၁၉၈၁ ခုနှစ်
  8. ငှက်ကလေး....-၁၉၈၁ ခုနှစ်
  9. နှစ်ကိုယ်ခွဲ -၁၉၈၂ ခုနှစ်
  10. သံယောဇဉ်အဖွဲ့ -၁၉၈၃ ခုနှစ်
  11. မိညီမ -၁၉၈၃ ခုနှစ်
  12. လွမ်းရအောင် -၁၉၈၄ ခုနှစ်
  13. ကျွန်တော် ကျွန်မတို့သည် - ၁၉၈၅ ခုနှစ်
  14. အချစ် အလွမ်း စွန့်စားခန်း - ၁၉၈၅ ခုနှစ်
  15. သူကလည်း သူ ကျွန်တော်ကလည်း ကျွန်တော် - ၁၉၈၆ ခုနှစ်
  16. မင်းမဆိုးပါဘူး - ၁၉၈၆ ခုနှစ်
  17. သူတို့ ပျော်ကြလေပြီ - ၁၉၈၆ ခုနှစ်
  18. ခုနစ်စဉ် အလွမ်း - ၁၉၈၆ ခုနှစ်
  19. ချစ်မှာလားကွယ် ကြိုက်မှာလားကွယ် မေးစမ်းပါရစေ တိုးတိုးတိတ်တိတ်ရယ် - ၁၉၈၇ ခုနှစ်
  20. သုံးနားညီ - ၁၉၈၇ ခုနှစ်
  21. ရယ်စရာ မောစရာ - ၁၉၈၇ ခုနှစ်
  22. ရင်ထဲက ဆောင်းရာသီ- ၁၉၈၈ ခုနှစ်
  23. ရင်ခုန်သူများ - ၁၉၈၈ ခုနှစ်
  24. ဖော်ကွာဝေး - ၁၉၈၉ ခုနှစ်
  25. ဘာမှ မတတ်နိုင်ဘူး - ၁၉၉ဝ ပြည့်နှစ်
  26. သူငယ်ချင်း တစ်ယောက်အကြောင်း - ၁၉၉ဝ ပြည့်နှစ်
  27. အချစ်ရူးကြီး ရူးတော့သည် - ၁၉၉၄ ခုနှစ်
  28. သံမဏိ ဝတ်မှုန်နှင့် လတ်ဆတ်သော ဝတ္ထုများ (စုပေါင်း) - ၁၉၉၄ ခုနှစ်
  29. လမ်းဖြတ်ကူးသော ဝတ္ထုတိုများ - ၁၉၉၅ ခုနှစ်
  30. လွန်လေပြီးသော နှလုံးသား (မဂ္ဂဇင်း ဝတ္ထုရှည်များ)- ၁၉၉၅ ခုနှစ်
  31. အမုန်းခွန်အား ဝတ္ထုများ - ၁၉၉၆ ခုနှစ်
  32. အမုန်း အလိုမရှိ - ၁၉၉၆ ခုနှစ်
  33. သံယောဇဉ် အဖွဲ့ - ၁၉၉၆ ခုနှစ်
  34. ငိုအားနှင့် ရယ်အား - ၁၉၉၆ ခုနှစ်
  35. အချစ်သက်သက် ဝတ္ထုတိုများ - ၁၉၉၆ ခုနှစ်
  36. အတွေ့လေးရယ်မှ အိုအကြုံ - ၁၉၉၆ ခုနှစ်
  37. ချစ်မြားရှင် ချစ်စေသတည်း - ၁၉၉၆ ခုနှစ်
  38. ရင်မောခြင်းနှင့် ရယ်မောခြင်း- ၁၉၉၇ ခုနှစ်
  39. ဦးမင်းလူကောင်းမှု (ကဗျာစာအုပ်)- ၁၉၉၇ ခုနှစ်
  40. ပြောတိုင်းယုံတဲ့ ပုတ်သင်ညို - ၁၉၉၉ ခုနှစ်
  41. ယမကာလုလင် - ၁၉၉၉ ခုနှစ်
  42. ရယ်မောခြင်း လက်ရွေးစင် - ၁၉၉၉ ခုနှစ်
  43. ရွှေရောင်မမရဲ့ ပုံတူ (စုပေါင်းရေးသား) - ၁၉၉၉ ခုနှစ်
  44. ချစ်ဒုက္ခ
  45. ချစ်တယ်ကြိုက်တယ် ဆိုတာ ဘယ်လိုမျိုး ခေါ်ပါသလဲလို့ မောင်ဘုရားကို ပြောစမ်းပါ နှမတော်လေးရယ်နှင့် အခြားဝတ္ထုတိုများ(စာရေးဆရာများ) ၁၉၉၉-ခုနှစ်
  46. အခြားဝတ္ထုတိုများ - ၂ဝဝဝ ပြည့်နှစ်
  47. ရေတမာ - ၂ဝဝဝ ပြည့်နှစ်
  48. အမည်မဖော်လိုသူ အချစ် - ၂ဝဝဝ ပြည့်နှစ်
  49. မင်းမဆိုးပါဘူး - ၂ဝဝဝ ပြည့်နှစ်
  50. ဦးမင်းလူ ကောင်းမှု - ၂ဝဝဝ ပြည့်နှစ်
  51. စာပေကြော်ငြာ စတိတ်ရှိုး ပွဲတော်နှင့် အခြား ဝတ္ထုတိုများ - ၂ဝဝ၁ ခုနှစ်
  52. စာပေ လေလံပွဲ - ၂ဝဝ၁ ခုနှစ်
  53. အက်ဆေးချစ်သူ - ၂ဝဝ၁ ခုနှစ်
  54. မျောက်လက် - ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီ
  55. ကံ့ကော်နီ - ၂ဝဝ၂ ခုနှစ်
  56. သဘာ၀ကျကျ ဟာသရသ - ၂ဝဝ၂ ခုနှစ်
  57. ဂန္ထဝင်အိပ်မက် - ၂ဝဝ၂ ခုနှစ်
  58. ဝတ္ထုတို စ-ဆုံး - ၂ဝဝ၂ ခုနှစ်
  59. သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ - ၂ဝဝ၂ ခုနှစ်
  60. အသပြာလုလင် - ၂ဝဝ၃ ခုနှစ်
  61. ခေါင်းလောင်းထိုးသောဝတ္ထုတိုများ - ၂ဝဝ၃ ခုနှစ်
  62. အများနှင့်မသက်ဆိုင်သောသူ - ၂ဝဝ၃ ခုနှစ်
  63. အချစ်နှင့်ဘောလုံး - ၂ဝဝ၄ ခုနှစ်
  64. နှုတ်ခမ်း၏ထောင့်စွန်းများ - ၂ဝဝ၄ ခုနှစ်
  65. ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး - ၂ဝဝ၄ ခုနှစ်
  66. ဝတ္ထုဖြစ်စေသတည်း - ၂ဝဝ၅ ခုနှစ်
  67. အော်ဆွေး - ၂ဝဝ၅ ခုနှစ်
  68. လက်နဲ့ရေးတဲ့စာ - ၂ဝဝ၅ ခုနှစ်
  69. စာပေကယ်ရီကေးချား - ၂ဝဝ၆ ခုနှစ်
  70. အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ - ၂ဝဝ၆ ခုနှစ်
  71. ရယ်မောခြင်းအပိုင်းအစများ - ၂ဝဝ၇ ခုနှစ်
  72. အလွမ်းသစ် - ၂ဝဝ၇ ခုနှစ်
  73. နှလုံးသား ၃၈၀/၅၄ - ၂ဝဝ၇ ခုနှစ်
  74. ခိုးခိုးခစ်ခစ် - ၂ဝဝ၉ ခုနှစ်
  75. အောင်ဘာလေ - ၂ဝ၁၀ ခုနှစ်
  76. မျောက်လက် - ၂ဝ၁၁ ခုနှစ်
  77. ပြန်ခေါ်သက်သေ - ၂ဝ၁၁ ခုနှစ်
  78. မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅) - ၂ဝ၁၂ ခုနှစ်
  79. နွေသစ်ရွက်
  80. မိုးထဲက နှင်းဆီ
  81. ရွှေနှလုံးသား
  82. အချစ်မြို့သားများ
  83. ရယ််မောခြင်း လက်ကျန် -
  84. မင်းလူ တကိုယ်တော် မဂ္ဂဇင်း - ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ(ဤစာအုပ်က ဆရာမင်းလူ ကွယ်လွန်ပြီးချိန်ကျမှ ထွက်ရှိလာသော စာအုပ် ဖြစ်သည်။))
  • (ဆရာမင်းလူ၏"မင်းလူဝတ္ထုတိုပေါင်းချုပ် (၁၉၇၆-၂၀၀၅)" စာအုပ်တွင်

ပါဝင်သော "မင်းလူ၏ ဘ၀နှင့်စာပေမှတ်တမ်း"မှ တစ်ဆင့်ကူးယူ ဖော်ပြပါသည်)

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ စာရေးဆရာ မင်းလူ ကွယ်လွန် - BBC News မြန်မာ
  2. ၁၉၈၉ ခု၊ စက်တင်ဘာလ၊ ၂၇ ရက်ထုတ် ကြေးမုံသတင်းစာ