မင်္ဂလာဒုံမြို့နယ်
ခေါ်တွင်ပုံပြင်ဆင်
မင်္ဂလာဒုံ-သည် "မင်္ဂလာဍုင်" ဆိုသော မွန်ဝေါဟာရမှ ဆင်းသက်သည်။ မင်္ဂလာ-ဆိုသည် လူဦးခေါင်းနှင့် သမင်ကိုယ်၊ သို့မဟုတ် သမင်ဦးခေါင်းနှင့် လူကိုယ်ရှိသော ထူးဆန်းသော သတ္တဝါဟု အဆိုရှိသည်။ (ဍုင်)-က မြို့-လို့ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် မင်္ဂလာဆိုသည့် သတ္တဝါ နေထိုင်ကျက်စားသော မြို့ ။ မင်္ဂရာဍုင်-က ဆင်းသက်လာသည် ဟုလည်းဆိုသည်။ မင်ဂရာ-ဆိုသည် သမင်ဒရယ်။ သမင်ဒရယ်ပေါသည့်မြို့-ဟု အဓိပ္ပာယ်ရသည်။ [၁] မင်္ဂလာဒုံ ဆိုသည် မွန်ဘာသာ(မင်ကြဲဍုင်း- မင်ကရိုင်ဒိန်း) = သမင်ပေါသည့်အရပ်၊ သမင်ခြံဟု အဓိပ္ပာယ်ရသည်။ ပဲခူးဘုရားသမိုင်းစာပေတွင် မင်္ဂလာဍုင်(ပါဠိ+မွန်) အဓိပ္ပာယ် ရောယှက်ပြီး မင်္ဂလာရှိသောမြို့/အရပ်လို့ ရေးသား အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ [၂]
ကိုးကားပြင်ဆင်
- ↑ မောင်ခင်မင် (ဓနုဖြူ) (မင်္ဂလာမောင်မယ် ၂၀၁၀-ပြည့် ဇူလိုင်လ)
- ↑ မောင်မြတ်မွန်(ဆူးလေ)၏ မြို့ရိုး/ခံတပ်ကြောင့် သမိုင်းတွင်ခဲ့တဲ့မြို့နယ်