င်္ဂလာပါ သည် မြန်မာလူမျိုးတို့၏ ပုံမှန်နှုတ်ဆက်စကားတစ်ခု ဖြစ်သည်။ ဤနှုတ်ဆက်စကားပြောရာတွင် ကိုယ်ကိုဦးအနည်းငယ်ညွတ်ကာ [၁]သို့မဟုတ် ပုံမှန်အားဖြင့် လက်အုပ်ချီကာ ပြောကြသည်။[၂]

ပေါ်ပေါက်လာပုံ ပြင်ဆင်ရန်

"မင်္ဂလာပါ" ဟူသည့် နှုတ်ဆက်စကားသည်လည်း ခေတ်သစ်ကာလမှ ဖန်တီးဖြစ်ပေါ်လာသည့် နှုတ်ဆက်စကား ဖြစ်သည်။[၃] မြန်မာနိုင်ငံကို ဗြိတိသျှတို့ အုပ်ချုပ်စဉ်အခါ ၁၉ ရာစုနှင့် ၂၀ ရာစုတွင် ဤစကားသည် ထွက်ပေါ်လာခဲ့သည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအစိုးရက စာသင်ကျောင်းများတွင် နှုတ်ဆက်စာအနေနှင့် အသုံးပြုစေခဲ့သည်။[၄] မြန်မာနိုင်ငံရှိ စာသင်ကျောင်းများတွင် ယခုအခါတွင် ကျောင်းသားများသည် ဆရာများနှင့် နေ့စဉ် ပထမဆုံးအကြိမ်တွေ့သည့်အခါတွင် "မင်္ဂလာပါ" ဟူ၍ နှုတ်ဆက်ကြသည်။[၂]

မင်္ဂလာပါ သည် စကားစုတစ်ခု ဖြစ်သည်။ မင်္ဂလာ နှင့် ပါ ကို ပေါင်းစပ်ထားသည်။ မင်္ဂလာ ဆိုသည်မှာ "မင်္ဂလ" ဟူသည့် ပါဠိစကားလုံးမှ ဆင်းသက်လာသည်။[၅] မင်္ဂလ၏ အဓိပ္ပာယ်မှာ "မကောင်းမှုသဘောတရားများကို ပယ်ဖျက်နိုင်သည့် သဘော" ဟု အဓိပ္ပာယ်ရသည်။[၆] ဒုတိယစကားလုံး ဖြစ်သည့် "ပါ" ဆိုသည်မှာ မြန်မာဘာသာစကား၌ ယဉ်ကျေးလိုသည့်အသုံးအနှုန်းအနေဖြင့် သဒ္ဒါသဘောတရားအရ ထည့်သည့် စကားလုံးဖြစ်သည်။[၇][၃][၇] မဟုတ်တာ၊မမှန်တာမလုပ်မိကြစေဖို့၊မကြံစည်မိကြစေဖို့ အပြန်အလှန်သတိပေးကြသည့်သဘော သက်ရောက်စေသည့် မြန်မာတို့၏ နှုတ်ဆက်စကား မင်္ဂလာပါ ။။

ကိုးကား ပြင်ဆင်ရန်

  1. Myint Myint Aye (2018). "A Comparative Study of Business Manners of Myanmar and German". Mandalay University of Foreign Languages Research Journal 9. 
  2. ၂.၀ ၂.၁ Yin၊ Saw Myat (2013-08-15)။ CultureShock! Myanmar: A Survival Guide to Customs and Etiquette (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Marshall Cavendish International Asia Pte Ltd။ ISBN 978-981-4435-55-0
  3. ၃.၀ ၃.၁ Houtman၊ Gustaaf (1999)။ Mental Culture in Burmese Crisis Politics: Aung San Suu Kyi and the National League for Democracy (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Tokyo University of Foreign Studies, Institute for the Study of Languages and Cultures of Asia and Africa။ ISBN 978-4-87297-748-6
  4. Aung-Thwin၊ Michael A. (2017-05-31)။ Myanmar in the Fifteenth Century: A Tale of Two Kingdoms (အင်္ဂလိပ်ဘာသာစကားဖြင့်)။ University of Hawaii Press။ ISBN 978-0-8248-7411-7
  5. Davids၊ Thomas William Rhys; Stede၊ William (1993)။ Pali-English Dictionary (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Motilal Banarsidass Publ.။ ISBN 978-81-208-1144-7
  6. https://www.bbc.com/burmese/burma-42739444
  7. ၇.၀ ၇.၁ Myanmar-English Dictionary။ Myanmar Language Commission။ 1993။ ISBN 1-881265-47-1