မင်္ဂလာ (၁၂) ခန်းဟူသည် လောကီမင်္ဂလာသာဖြစ်သည်။ လောကီမင်္ဂလာဆိုသည်မှာ ရှေးအစဉ်အလာအရ ပြုလုပ်လာသည့် လောကီမှုကိစ္စများသာဖြစ်သည်။ သို့ရာတွင် မြန်မာတို့က ယင်းလောကီမှုကိုပင် ဘာသာရေးအသွင်သို့ဆွဲယူကာ ကလေးအတွက် ကုသိုလ်ကောင်းမှု့ပြုသည့်အနေဖြင့် လှူဒါန်းကျွေးမွေးခြင်း ပြုလုပ်လေ့ရှိသည်။ ဤသို့ မိဖများက ကလေးအတွက် ကုသိုလ်ကောင်းမှု့ပြုလျှင် ကလေးလဲ ကုသိုလ်ရသည်ဟု ယုံကြည်ကြသည်။

၁။ အာဝါဟမင်္ဂလာ

ပြင်ဆင်ရန်

သူ့သမီးကို မိမိသားအတွက် ဆောင်ယူခြင်း မင်္ဂလာ။

၂။ ဝိဝါဟမင်္ဂလာ

ပြင်ဆင်ရန်

မိမိသမီးကို သူ့သားအတွက် သူ့အိမ်သို့ပို့ခြင်း မင်္ဂလာ။

၃။ ဝိဇာယနမင်္ဂလာ

ပြင်ဆင်ရန်

သားသမီးဖွားမြင်‌သဖြင့် လူအများကို သိ‌စေအပ်‌‌သော မင်္ဂလာ။

၄။ နန္ဒီမုခဒဿနမင်္ဂလာ

ပြင်ဆင်ရန်

က‌လေးအား အဖိုးအဖွား အ‌မေအ‌ဖေတို့ကို ဒါသင့်အဖိုး၊ ဒါ သင့်အဖွား စသည်‌ဖြင့်ပြု‌သော မင်္ဂလာ၊ ဖွားပြီး ၃ ရက်‌ရ‌သောအခါ လုပ်‌ရသည်‌။

၅။ ‌ကေသစ္ဆေဒနမင်္ဂလာ

ပြင်ဆင်ရန်

ဆံပင်‌ရိတ်‌‌သောမင်္ဂလာ၊ ဖွားပြီး ၇ ရက်‌ရ‌သောအခါ လုပ်‌ရသည်‌။

၆။ ဒေါဠာကရဏမင်္ဂလာ

ပြင်ဆင်ရန်

ပုခက်‌တင်‌မင်္ဂလာ၊ ဖွားပြီး ၂ လအတွင်း လုပ်‌ရသည်‌။

၇။ တမ္ဗုလာဟာရမင်္ဂလာ

ပြင်ဆင်ရန်

ကွမ်းခွံ့မင်္ဂလာ၊ ဖွားပြီး ၇၅ ရက်‌ရ‌သောအခါ လုပ်‌ရသည်‌။

၈။ ရဝိန္ဒုဒဿနမင်္ဂလာ

ပြင်ဆင်ရန်

‌နေလပြ‌သောမင်္ဂလာ၊ ၃ လသားအရွယ်‌တွင်‌ လုပ်‌ရသည်‌။

၉။ နာမကရဏမင်္ဂလာ

ပြင်ဆင်ရန်

နာမည်‌‌ပေးမင်္ဂလာ၊ ဖွားပြီးရက်‌ ၁၀၀ ပြည့်သော‌နေ့၌ လုပ်ရသည်။

၁၀။ ဘတ္တာဟာရမင်္ဂလာ

ပြင်ဆင်ရန်

ပထမဆုံးထမင်းခွံ့သောမင်္ဂလာ၊ ၆ လသားအရွယ်တွင် လုပ်ရသည်။

၁၁။ ကေသဗန္ဓနမင်္ဂလာ

ပြင်ဆင်ရန်

ဆံထုံးသောမင်္ဂလာ၊ သင့်လျော်သောအခါတွင် လုပ်ရသည်။

၁၂။ ကဏ္ဏဝိဇ္ဈနမင်္ဂလာ

ပြင်ဆင်ရန်

နားသမင်္ဂလာ၊ သင့်လျော်သောအခါတွင် လုပ်ရသည်။

၁၃။ ပဗ္ဗဇ္ဇမင်္ဂလာ

ပြင်ဆင်ရန်

ရှင်ပြုမင်္ဂလာ၊ သင့်လျော်သောအခါတွင် လုပ်ရသည်။

မြန်မာတို့သည် ၁ နှင့် ၂ ကိုပေါင်း၍ အာဝါဟ ဝိဝါဟမင်္ဂလာဟု လုပ်ကြသဖြင့် မင်္ဂလာ ၁၂ ခန်းဟု ဆိုကြသည်။[]


  1. ဒဂုန်ဦးထွန်းမြင့်။ ကလေးများအတွက် ဗုဒ္ဓယဉ်ကျေးမှု့