မစ္စတာဘုရင်မ

တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲ

မစ္စတာဘုရင်မ (အင်္ဂလိပ်: Mr. Queen ၊ ဟန်းဂု: 철인왕후) Shin Hye-sun နှင့် Kim Jung-hyun တို့သရုပ်ဆောင်ထားသောတောင်ကိုရီးယားတီဗီဇာတ်လမ်းတွဲဖြစ်သည်။[၂][၃] ဒီဇင်ဘာ ၁၂၊ ၂၀၂၀၊ ဒီဇင်ဘာ ၁၂ မှ ၂၀၂၁ ဖေဖော်ဝါရီ ၁၄ အထိ tvN မှာထုတ်လွှင့်ပြသမှာပါ။[၄]

မစ္စတာဘုရင်မ
အမျိုးအစား
  • သမိုင်း
  • အချစ်ဟာသ
  • စိတ်ကူးယဉ်တယ်
  • ခန္ဓာကိုယ်လဲလှယ်၊အချိန်ခရီးသွား၊ အတိတ်ကိုပြောင်းလဲ၊ ဘုရင်နဲ့ စားဖိုမှူးကောင်လေးအချစ်ဇာတ်လမ်း
ဖန်တီးသူStudio Dragon
အခြေခံထားသည်မှာXian Chen ၏
Go Princess Go
Qin Shuang and Shang Menglu ၏
Go Princess Go[၁]
ရေးသားသူPark Gye-ok
Choi Ah-il
ဒါရိုက်တာYoon Sung-sik
သရုပ်ဆောင်
အဖွင့်တီးလုံး"Mr Queen"
by Howl
အပိတ်တီးလုံး"Like A Star"
by Jang Han-byul
နိုင်ငံတောင်ကိုရီးယား
ဘာသာစကားကိုရီးယား
အပိုင်းပေါင်း20 (အပိုင်းများ စာရင်း)
ထုတ်လုပ်မှု
အမှုဆောင် ထုတ်လုပ်သူLee Chan-ho
ထုတ်လုပ်သူ
  • Ham Jeong-yeop
  • Kim Dong-hyun
  • Han Kwang-ho
  • Jeon Gyu-ah
ပြသချိန်မိနစ် ၇၀-၉၀
ထုတ်လုပ်သည့် ကုမ္ပဏီ
  • Crave Works
  • YG Studioplex
ဖြန့်ချိသူtvN
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းtvN
အသံထွက်အမျိုးအစားDolby Digital
မူလပြသမှုဒီဇင်ဘာ ၁၂၊ ၂၀၂၀ (၂၀၂၀-၁၂-၁၂) – ဖေဖော်ဝါရီ ၁၄၊ ၂၀၂၁ (၂၀၂၁-၀၂-၁၄)
ဇာတ်လမ်းတွဲစဉ်
ဆက်စပ်မှုများGo Princess Go
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

ဇာတ်လမ်းအကျဉ်း

လက်ရှိ တောင်ကိုရီးယားနိုင်ငံရဲ့ အိမ်ပြာတော်မှာအလုပ်လုပ်နေတဲ့ နာမည်ကြီးစားဖိုမှူးဖြစ်တဲ့ ဂျန်ဘုံဟွမ်ဟာ သူ့ဘဝကိုသာသာယာယာနဲ့ဖြတ်သန်းနေရသူပါ။ အရည်အချင်းရှိသူဖြစ်တာကြောင့် မနာလိုမုန်းတီးခံရပြီး ချောက်ချခံလိုက်ရပါတယ်။ အဲ့လိုနဲ့ ထွက်ပြေးရာကနေ ရေထဲက ခုန်ချတဲ့အချိန်မှာ ဟိုဘက်ခေတ် ဂျိုဆွန်း ၁၈၅၁ ခုနှစ်က မင်း​ကြီးချောလ်ဂျုံး ဆီကအချစ်မခံရဘဲ မနက်ဖြန်ဆို မိဖုရားတင်မြောက်ခံရမယ့် ဂင်ဆိုယုံးကလည်း ရေထဲကို ခုန်ချသတ်သေတာနဲ့ ကွက်တိဖြစ်နေပါတယ်။ဒီလိုနဲ့ ဂျန်ဘုံဟွမ်ရဲ့ဝိညာဉ်ဟာ မိဖုရားဖြစ်မယ့် ဂင်ဆိုယုံးရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်တဲ့အချိန်မှစပြီး ဘုရင်​ချောဂျုံးနဲ့ အချစ်ဇာတ်လမ်းစတင်ပါတော့တယ်။ ထိုအချိန်မှာ ဘုရင်ဖြစ်သူ ချောလ်ဂျုံးဆိုတာကတော့ သစ်ခုတ်သမားကနေ တစ်နေ့တစ်ညတည်း အမည်ခံဘုရင်ဖြစ်လာသူပါ။ သူက ဘုရင်သာဖြစ်နေပေမယ့် အာဏာမရှိဘဲ သူ့မိဘတွေကို သတ်သွားတဲ့သူတွေ အန်ဒုံဂင်မျိုးနွယ်စုကို မကျေမနပ်ဖြစ်နေတာပါ။ အနာဂတ်ကဖြစ်တဲ့အရာတွေကိုအကုန်သိတဲ့ ဂျန်ဘုံဟွမ်က သမိုင်းခေတ်ကိုရောက်သွားပြီး ခင်ပွန်းဖြစ်သူ ဘုရင်ချောဂျုံးနဲ့ အန်ဒုံဂင်မျိုးနွယ်စုတွေကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိန်းကလေးခန္ဓာကိုယ်ဖြစ်သော်လည်း ဒီဘက်ခေတ်က ယောကျ်ားလေးဝိညာဉ်နဲ့ ဟိုဘက်ခေတ်က မင်းကြီးနဲ့ အချစ်ဇာတ်လမ်းဖြစ်တာကြောင့် လူတော်တော်များများက BL လို့သတ်မှတ်ထားကြပါတယ်။


ကိုးကား ပြင်ဆင်ရန်

  1. Kim Hyo-jin။ ""원작은 중국 웹드라마"…드라마 '철인왕후', '태자비승직기'와 차이점 보니"၊ Topstar News။ 
  2. Queen Cheorin What Are The Expected Release Date? And What You Should Know About The Show? (July 25, 2020)။ October 23, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 20, 2020 တွင် ပြန်စစ်ပြီး။
  3. Queen Cheorin (Korean Drama - 2020) - 철인왕후။ October 9, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 20, 2020 တွင် ပြန်စစ်ပြီး။
  4. Mr. Queen (2020)။ January 8, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 16, 2020 တွင် ပြန်စစ်ပြီး။