မစ္ဆရိယ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
မစ္ဆရိယ သည် ဝန်တိုစိတ်ရှိခြင်း ဖြစ်သည်။ မစ္ဆရိယ ၅-မျိုးရှိပြီး ယင်းတို့မှာ -
- အာဝါသမစ္ဆရိယ (မိမိနေရာ၌ ဝန်တိုမှု)
- ကုလမစ္ဆရိယ (မိမိ အမျိုးအပေါ် ဝန်တိုမှု)
- လာဘမစ္ဆရိယ (ပစ္စည်းလာဘ်လာဘကို ဝန်တိုမှု)
- ဝဏ္ဍမစ္ဆရိယ (ကိုယ့်အဆင်း ဂုဏ်သတင်း ၂လုံး၌ ဝန်တိုမှု)
- ဓမ္မမစ္ဆရိယ (မိမိတတ်သိသောတရား(အတတ်ပညာ)ကိုဝန်တိုမှု) တို့ ဖြစ်သည်။
ပြီးပြည့်စုံသောဘဝရောက်ချင်ရင် မစ္ဆရိယစိတ်တွေ ကင်း အောင် ကျင့်ကြံနေထိုင်ရမယ်...။ မစ္ဆရိယစိတ် ကြီးမားတဲ့ပုဂ္ဂိုလ်ဟာ ,ဘဝမှာ အောက်တန်းကျတဲ့အမျိုးတွေ ဆင်းရဲတဲ့အမျိုးတွေမှာ ဖြစ်တယ်တဲ့...။ ဆိုပါစို့...လူ့ဘဝရောက်လာပြီဆိုရင် မွေးကတည်းက တဲစုတ်နဲ့အိမ်မှာ သွားမွေးတယ်၊ သို့မဟုတ် နေစရာမရှိတဲ့မိသားစုထဲသွားမွေးတယ်...။ မစ္ဆရိယနည်းပြီးဒါနကောင်းမှုလုပ်တဲ့ ပုဂ္ဂိုလ်က မွေးကတည်းက တိုက်အိမ်မှာသွားမွေးတယ်၊ သူဌေးအိမ်မှာသွားမွေးတယ်...။ ဒါကြောင့် ကိုယ့်ကိုယ်ကိုဆုံးဖြတ်ရမှာ ငါနောင်ဘဝကျရင် တဲစုတ်ထဲသွားမွေးမလား ? သူဌေးအိမ်သွားမွေးမလား? သူဌေးအိမ်မွေးချင်ရင် ကုသိုလ်ကောင်းမှုတော့လုပ်ရမှာပဲ၊ကိုယ့်စိတ်ထဲမှာဖြစ်တဲ့မစ္ဆရိယကို , တော်လှန်ဖို့အရေးကြီးတယ်...။ မစ္ဆရိယကလည်း တော်တော်ကို လူ့စိတ်ကိုလွှမ်းမိုးထားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့...။ မစ္ဆရိယကင်းတဲ့ပုဂ္ဂိုလ်တွေကျတော့ အင်မတန်မှ အဆင်ပြေတဲ့ နေရာမျိုးကိုရောက်တယ်တဲ့...။ မစ္ဆရိယတွေ ကင်းလို့ ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီဘဝမှာချမ်းသာတဲ့အမျိုး၊ မြင့်မြတ်တဲ့အမျိုး၊မိသားစုထဲမှာ မတောင့်မတမကြောင့်မကြစားရတဲ့ အမျိုးထဲမှာလာပြီးတော့လူဖြစ်တယ်တဲ့...။ လူဖြစ်ပြီးတော့ သူ့ဘဝမှာ အမြဲတမ်း ပြီးပြည့်စုံတဲ့ဘဝမျိုးရောက်တယ်တဲ့...။
- ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ကိုးကား
ပြင်ဆင်ရန်
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |