[၁] ဘုရားရှင် ကာသိနိုင်ငံ ဗာရာဏသီမြို့တော်အနီး ဣသိပတနမိဂဒါယ၌ သီတင်းသုံးတော်မူနေစဉ်-ထေရ်ကြီးရဟန်းတော်များ ဆွမ်းဘုဉ်းပေးရာအရပ်မှ ပြန်ကြွလာပြီး မဏ္ဍလမာ၌ စည်းဝေးနေကြစဉ်-ပါရာယဏဝဂ် တိဿမေတ္တေယျ ပဥှာ(သုတ္တနိ၊၃၄၉။ စူဠနိ၊၇)လာ “ယော ဥဘောန္တေ” အစရှိသော ဂါထာနှင့်ဆက်စပ်၍ မိမိတို့ထင်မြင်သော အန္တနှစ်မျိုးကို ဆွေးနွေးကြပြီး ဘုရားရှင်ထံ သွားရောက်၍ မေးလျှောက်ရာ အားလုံးပြောဆိုကြသည့် အစွန်းနှစ်ဖက်ဓမ္မများသည် ပရိယာယ်အားဖြင့် သုဘာသိတဖြစ်ပုံကို မိန့်ကြားတော်မူပြီး အစွန်းနှစ်ရပ်နှင့်ဆက်စပ်၍ ဖြစ်သောဓမ္မတို့ကို မိန့်ကြားတော်မူသည့်သုတ်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၃၄၉-၃၅၂။ အံ၊မြန်၊၂၊၄၄၁-၄။ အံ၊ဋ္ဌ၊၃၊၁၃၂-၄၊ အံ၊ဋီ၊၃၊၁၃၄-၅။ -အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ ၆-မဟာဝဂ္ဂ၊ သတ္တမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ