မဋ္ဌကုဏ္ဍလီ
မဋ္ဌကုဏ္ဍလီ သည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်အခါက သူဌေးသား တစ်ဦး ဖြစ်၏။[၁]
အမည်
ပြင်ဆင်ရန်ဖခင်ဖြစ်သူသည် သာဝတ္ထိပြည်၌ အဒိန္နပုဗ္ဗကဟု အမည်ရှိသည့် ပုဏ္ဏားသူဌေးကြီး ဖြစ်၏။ "အဒိန္နပုဗ္ဗက" ဆိုသည်မှာ ရှေးကတစ်ကြိမ်တစ်ခါမျှ မလှူဒါန်း မပေးကမ်းခဲ့ဖူးသူ ဟု အဓိပ္ပါရသည်။ သားကလေး မဋ္ဌကုဏ္ဍလီ ကို ချစ်ခင်၏။ သို့သော် ပစ္စည်းဥစ္စာတို့အား သားကိုချစ်သည်ထက် ပို၍ ချစ်ခင်လေသည်။ သားကလေးအား နားတောင်းဆင်ပေးရာတွင် ရွှေပန်းထိန်သည်ထံ အပ်နှံကာ ပြုလုပ်လျှင် လက်ခပေးရမည် စိုသဖြင့် မိမိကိုတိုင် ပြုလုပ်ကာ နားတောင်းကို ပန်ဆင်ပေး၏။ မဋ္ဌကုဏ္ဍလီ ဟူသည်မှာ မြန်မာလို "မောင်နားတောင်း" ဟု အဓိပ္ပာယ်ရသည်။[၁]
မဋ္ဌကုဏ္ဍလီ
ပြင်ဆင်ရန်မဋ္ဌကုဏ္ဍလီသည် တစ်ဆယ့်ခြောက်နှစ်သားအရွယ်တွင် ကိုယ်လက်ဖျော့တော့သည် "ပဏ္ဍု" ဟုခေါ်သည့် ရောဂါ ဖြစ်၏။ ထိုအခါ ဖခင်ဖြစ်သူသည် ဆေးကုလျှင် ကုခပေးရမည်ဖြစ်သဖြင့် သမားများအား မေးမြန်းကာ မိမိကိုယ်တိုင် ကုသ၏။ ကြာလာသည့်အခါတွင် မဋ္ဌကုဏ္ဍလီ သည် ရောဂါရင့်လာ၏။ ထိုအခါ မနေသာဘဲ သမားတော်ပင့်ရမည့် အခြေအနေ ဖြစ်လာ၏။[၁]
ထိုအခါ ပုဏ္ဏားကြီးသည် လူနာကြည့်သူလာသည့်အခါ သူပိုင်ဆိုင်သည့် ပစ္စည်းများကို အခြားသူများတွေ့မည်ကို စိုးရိမ်သဖြင့် သားဖြစ်သူအား အိမ်ဦးပြင်တွင် ထုတ်ကာထား၍ ပြောင်းသိပ်ထား၏။[၁]
ထိုနေ့နံနက်တွင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့်ကြည့်ရာ မဋ္ဌကုဏ္ဍလီကို မြင်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် သံဃာတော်များဖြင့် သာဝတ္ထိပြည်အတွင်းသို့ ကြွရောက်ကာ ဆွမ်းခံဝင်၏။ ထိုအချိန်တွင် မဋ္ဌကုဏ္ဍလီ သည် အိမ်အတွင်းသို့ မျက်နှာမူကာ လဲလျောင်းနေသဖြင့် မြတ်စွာဘုရားသည် ရောင်ခြည်တော်လွှတ်လိုက်၏။ ထိုအခါ ရောင်ခြည်တော်ကို သတိထားမိကာ လှည့်ကြည့်ရာ မြတ်စွာဘုရားကို မြင်၍ ကြည်ညိုစိတ် ဖြစ်လေ၏။ မြတ်စွာဘုရားလည်း သိတော်မူ၍ ဆက်လက်ကြွမြန်းလေသည်။[၁]
မဋ္ဌကုဏ္ဍလီသည် မြတ်စွာဘုရားအား မျက်စိဖြင့် မြင်ရာအရပ် လွန်သည့်အခါ သေလွန်၍ မဋ္ဌကုဏ္ဍလီသည် တာဝတိံသာနတ်ပြည်တွင် နတ်သား ဖြစ်လေသည်။[၁]
နတ်သားဘဝ
ပြင်ဆင်ရန်မဋ္ဌကုဏ္ဍလီနတ်သားသည် ဘုရားရှင်အား ကြည်ညိုသောစိတ်ဖြင့် သေလွန်ခဲ့သဖြင့် ယူဇနာ ၃၀ ရှိသော ရွှေဗိမာန်တွင် နတ်သမီးတစ်ထောင်အခြံအရံဖြင့် စံမြန်းရ၏။[၁]