မဏိစန္ဒာ
မဏိစန္ဒာခင်ဦး သည် ပုဂံခေတ်တွင် အစဉ်လိုက် နန်းတက်သော မင်းသုံးပါး၏ မိဖုရားတစ်ပါး ဖြစ်သည်။ ဥဿာဘုရင်၏သမီးဖြစ်သည်ကျန်စစ်သားနှင့် အနော်ရထာမင်းတို့နှစ်ဦးနှင့် အချစ်ဇာတ်လမ်းမှာ မြန်မာ့သမိုင်းရာဇဝင်တွင် ထင်ရှားသည်။ သူတို့၏ ဇာတ်လမ်းကို အာသာဘုရင်၊ လန်းစလော့ နှင့် ဂွမ်နဗီယာ တို့၏ ဇာတ်လမ်းနှင့် နှိုင်းယှဉ်ကြသည်။[၁]
မဏိစန္ဒာ ခင်ဦး | |
---|---|
မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၁၀၈၄–၁၁၁၂ |
ရှေ့မင်းဆက် | သူမကိုယ်တိုင် |
ဆက်ခံသူ | ရတနာပုံ (မိဖုရားခေါင် အဖြစ်) |
ဘုရင် | ကျန်စစ်သားမင်း |
မိဖုရားခေါင် | |
နန်းသက် | ၁၀၇၇–၁၀၈၄ |
ရှေ့မင်းဆက် | ဦးဆောက်ပန်း |
နောက်မင်းဆက် | အပယ်ရတနာ |
ဘုရင် | စောလူးမင်း |
မြောက်နန်းမတော် မိဖုရား | |
နန်းသက် | ၁၀၇၀ ဆယ်စုနှစ်–၁၀၇၇ |
ရှေ့မင်းဆက် | စောမွန်လှ |
နောက်မင်းဆက် | သူမကိုယ်တိုင် |
ဘုရင် | အနော်ရထာမင်း စောလူးမင်း |
မွေးဖွား | ပဲခူး |
ကွယ်လွန် | ပုဂံ |
အိမ်ထောင်ဖက် | အနော်ရထာ (၁၀၇၇ ဆယ်စုနှစ်–၇၇) စောလူး (၁၀၇၇–၈၄) ကျန်စစ်သား (၁၀၈၄–၁၁၁၂) |
စံအိမ် | ပဲခူး |
ခမည်းတော် | ပဲခူးဘုရင် |
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
မဏိစန္ဒာသည် ပဲခူးဘုရင်တစ်ပါး၏ သမီးတော် ဖြစ်သည်။ ၁၀၇၀ ဆယ်စုနှစ်ဝန်းကျင်ခန့်တွင် ဟံသာဝတီ(ပဲခူး)ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် ပုဂံပြည်မှ ကူညီ၍ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည့်အတွက် ပဲခူးဘုရင်က ကျေးဇူးတုံ့ပြန်သောအားဖြင့် သမီးတော်ကို အနော်ရထာမင်းထံ ဆက်သခဲ့သည်။ လမ်းခရီး၌ ကျန်စစ်သားနှင့် သံယောဇဉ်ငြိတွယ်ခဲ့ကြရာ အနော်ရထာဘုရင်က အမျက်တော်ရှရာပြီး ကျန်စစ်သားအား သတ်ရန်အထိပင် ဖြစ်ခဲ့ပြီး ကျန်စစ်သားမှာ ထွက်ပြေးခဲ့ရလေသည်။ နောက်ပိုင်းတွင် မဏိစန္ဒာမင်းသမီးမှာ ကျန်စစ်သား၏ မိဖုရားတစ်ပါး ဖြစ်လာခဲ့သည်။[၂]
အနော်ရထာမင်း ကွယ်လွန်ပြီးနောက် စောလူးမင်း နန်းတက်ခဲ့ပြီး မဏိစန္ဒာကိုပင် ဆက်လက် မိဖုရားမြှောက်ခဲ့သည်။ စောလူးမင်းနန်းတက်ပြီး များမကြာမီ မိဖုရားခေါင်ဖြစ်သော ဦးဆောက်ပန်း ကွယ်လွန်ခဲ့ရာ မဏိစန္ဒာသည် မိဖုရားခေါင် ဖြစ်လာခဲ့သည်။[၃] နိုင်ငံအတွင်း မငြိမ်မသက်မှုများကြောင့် စောလူးမင်းသည် ကျန်စစ်သားအား ပြန်လည်ခေါ်ယူခဲ့ရာ ကျန်စစ်သားနှင့် မဏိစန္ဒာတို့ ပြန်လည်ဇာတ်လမ်းဆက်ကြသဖြင့် စောလူးမင်းက ကျန်စစ်သားအား နှင်ထုတ်ရပြန်သည်။[၄]:155 မဏိစန္ဒာ၏ ဖခင် ပဲခူးဘုရင်ကွယ်လွန်သောအခါ စောလူးမင်းက ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းအား ပဲခူးကို အုပ်ချုပ်စေခဲ့သည်။ သက္ကရာဇ် ၁၀၈၄ တွင် ငရမန်ကန်းက စောလူးမင်းအား ပုန်ကန်ခဲ့ပြီဂ ငရမန်ကန်းလက်ချက်ဖြင့် စောလူးမင်း ကွယ်လွန်ခဲ့သည်။[၅]
ပုန်ကန်မှုကို ကျန်စစ်သားက နှိမ်နင်းခဲ့ပြီးနောက် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ ထီးနန်းတက်ပြီးနောက် မဏိစန္ဒာကို မိဖုရားမြှောက်ပီးရင်းမြှောက်ခဲ့လိုက်သည်။[၆]
ကိုးကား
ပြင်ဆင်ရန်ကျမ်းပြုစာရင်း
ပြင်ဆင်ရန်- Harvey၊ G.E. (1925)။ History of Burma။ London: Frank Cass & Co. Ltd.။
- မောင်ထင်အောင် (1967)။ A History of Burma။ New York and London: Cambridge University Press။
- တွင်းသင်းတိုက်ဝန် မဟာစည်သူ (၂၀၁၂) [၁၇၉၈]။ ကျော်ဝင်း; သိန်းလှိုင် (eds.)။ ရာဇဝင်သစ်ကျမ်း။ ၁–၃ (ဒုတိယအကြိမ် ed.)။ ရန်ကုန်: ရာပြည့်စာအုပ်တိုက်။
မဏိစန္ဒာ
| ||
Royal titles | ||
---|---|---|
ယခင်က ဦးဆောက်ပန်း |
မိဖုရားခေါင် ၁၀၇၇–၁၀၈၄ |
ဆက်ခံသူ အပယ်ရတနာ |
ယခင်က သူမကိုယ်တိုင် |
မြောက်နန်းမတော် မိဖုရား ၁၀၈၄–၁၁၁၂ |
ဆက်ခံသူ ရတနာပုံ မိဖုရားခေါင် အဖြစ် |
ယခင်က စောမွန်လှ |
မြောက်နန်းမတော် မိဖုရား ၁၀၇၀ ဆယ်စုနှစ်–၁၀၇၇ |
ဆက်ခံသူ သူမကိုယ်တိုင် |
- ↑ Htin Aung 1967: 38
- ↑ Harvey 1925: 31–32
- ↑ Yazawin Thit Vol. 1 2012: 108
- ↑ Coedès၊ George (1968)။ Walter F. Vella (ed.)။ The Indianized States of Southeast Asia။ trans.Susan Brown Cowing။ University of Hawaii Press။ ISBN 978-0-8248-0368-1။
- ↑ Harvey 1925: 34–36
- ↑ Harvey 1925: 38