[၁] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော် မူနေစဉ် မင်း၏နန်းတော်အတွင်း မင်းပရိသတ်၌ “သာကီဝင်မင်း ဘုရားရှင်သား ရဟန်းတော်တို့အား ရွှေငွေသည် အပ်စပ်၏၊ ရဟန်းတော်တို့သည် ရွှေငွေကို သာယာ လက်ခံကြကုန်၏”ဟု စပ်မိစပ်ရာပြောဆိုနေကြပါသည်။

ထိုအခါ မဏိစူဠကရွာသူကြီးက “အမောင်တို့၊ ဤသို့ မပြောမဆိုကြပါနဲ့၊ ရဟန်းတော်တို့အား ရွှေငွေသည် မအပ်စပ်ပါ၊ ရဟန်းတော်တို့သည် ရွှေငွေကို မသာယာကြ၊ မခံယူကြပါ။ ရဟန်းတော်များသည် ကျောက်မျက်နှင့် ရွှေငွေကို ပယ်ထားကုန်၏။ ကျောက်မျက်နှင့် ရွှေငွေမှကင်းကုန်၏”ဟု တားမြစ်ပြောဆိုပြီး ဘုရားရှင်ထံသွားရောက်၍ “ဤကဲ့သို့ မင်းပရိသတ်၌ မိမိတားမြစ်ပြောဆိုမှုမှန်, မမှန်”ကို လျှောက်ထားပါသည်။

ဘုရားရှင်က မဏိစူဠကရွာသူကြီး၏စကားမှန်ကန်ကြောင်း မိန့်ကြားတော်မူပြီး “ရွှေငွေအပ်စပ်သောသူအား ကာမဂုဏ်ငါးပါးတို့အပ်စပ်ကုန်၏”ဟု ဧကန် မှတ်သားရန် မိန့်တော်မူပြီး “မြက်, သစ်သား, လှည်း, လက်သမားလိုအပ်လျှင် မြက်, သစ်သား, လှည်း, လက်သမားတို့ကိုရှာမှီးနိုင်သည်။ မည်သည့်အကြောင်း ကြောင့်မျှ ရွှေငွေကို မသာယာရ၊ မရှာမှီးရ”ဟု မိန့်တော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်ရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၂၊၅၀၉-၅၁၀။ သံ၊မြန်၊၂၊၅၀၂-၃။ သံ၊ဋ္ဌ၊၃၊၁၄၄-၅။ သံ၊ဋီ၊၂၊၃၈၃။ -သံယုတ္တနိကာယ၊ သဠာယတနဝဂ္ဂသံယုတ္တ၊ ၈-ဂါမဏိသံယုတ္တ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ