မဏိရတနာ နီတိများ
ဤစာမျက်နှာသည် Wikiquote သို့ ကူးယူရမည့် စာမျက်နှာ ဖြစ်သည်။ |
မဏိရတနာ နီတိများ ကို ဘိုးရာဇာ (မြန်မာ ၇၁၀-၇၈၃)က ရေးသားခဲ့သည်။
စွမ်းအား
ပြင်ဆင်ရန်- အများလူတို့ သည်းမခံနိုင်သောအရာကို သည်းခံနိုင်မှ အကြီးအကဲ ပီသသည်။
- သည်းခံခြင်းဟူသော စွမ်းအားကို ကျော်လွန်နိုင်သည့် စွမ်းအား မရှိတော့ချေ။
ရေ နှင့် မီး
ပြင်ဆင်ရန်- ရေချမ်းအိုးကဲ့သို့ကျင့်လျှင် အများချစ်ခင်မည်။
- မီးကဲ့သို့ကျင့်လျှင် အများကြောက်ရွံ့လေးစား ခံရမည်။ သို့သော် ချစ်ခင်နှစ်သက်ခြင်းကို မခံရရာ။
ဘေးကိုကြိုတင်ရှောင်ပါ
ပြင်ဆင်ရန်- ကြံဖန်ကြောက်တတ်သူဟု ထင်ချင်ထင်ပါစေ။ စိုးရိမ်သင့်သောအရာကို စိုးရိမ်သင့်သောအခါများတွင် စိုးရိမ်မကင်းသောစိတ်ဖြင့် ရှောင်သင့်သည်ကို ရှောင်ပါ၊ တင်ကြိုပြုသင့်သည်ကို ပြုပါ။
ချီးမြှောက်ခြင်း
ပြင်ဆင်ရန်- လူကောင်းလူတော်ကို ဖော်ထုတ်၍ ချီးမြှောက်ခြင်း ပြုရာ၏။
- လူကောင်းလူတော်သည် မိမိအား ချီးမြှောက်သူအား အသက်ကိုပင်စွန့်၍ အကျိုးပြုတတ်သည်။
သူတော်ကောင်းဟူသည်
ပြင်ဆင်ရန်- သူတော်သဖြင့် သူ့အပေါ်မှာ ကောင်းသည်ကို တွေ့ကာမျှနှင့် သူတော်ကောင်းဟု မထင်မှတ်ရာ။
- အများအပေါ်၌ ကောင်းမှသာ သူတော်ကောင်းမည်ပေသည်။
အကျိုးနှင့် အကြောင်း
ပြင်ဆင်ရန်- အကျိုးခံစားလိုလျှင် အကျိုးဖြစ်စေမည့် အကြောင်းကို ပြုရာ၏။
- အကျိုးခံစားရမည့် အကြောင်းကို မပြုဘဲ အကျိုးခံစားရန် မဖြစ်နိုင်။
အကြီးအကဲ
ပြင်ဆင်ရန်- အကြီးအကဲ မရှိလျှင် ပျက်စီးတတ်သည်။
- အကြီးအကဲ များလွန်းလျှင်လည်း ပျက်စီးတတ်သည်။
- မိန်းမကြီးစိုးလျှင်လည်း ပျက်စီးတတ်သည်။
- လူငယ်ကြီစိုးလျှင်လည်း ပျက်စီးတတ်သည်။
သတိနှင့် ဝီရိယ
ပြင်ဆင်ရန်- ပညာရှိတို့ကား စိုးရိမ်သင့်သည်ကို အရာအားလျော်စွာ အခါအားလျော်စွာ သတိဝီရိယကို လက်ကိုင်ပြုသဖြင့် ဘေးရန်ဥပဒ်ကင်းကွာလျက် အကျိုးဖြစ်ထွန်းလေသည်။
- သူမိုက်တို့ကား စိုးရိမ်မရှိ ပေါ့တန်ဘိသဖြင့် အန္တရာယ်ရောက်လျက် အကျိုးပျက်ရလေသည်။
မိတ်ဆွေပီသမှု
ပြင်ဆင်ရန်- မိတ်ဆွေမပီသသော၊ စိတ်ပြောင်စိတ်လွယ်သော၊ သဘောထားမမှန်သောသူ အဖြစ်နှင့် အသက်တစ်ရာနေရသော်လည်း ဂုဏ်သတင်းမတည် အသက်တိုသည် ဆိုရာ၏။ မိတ်ဆွေပီသစွာ အကျိုးဆောင်လျက် သဘောထား တည်မြဲမှန်ကန်သူအဖြစ် တစ်ရက်တစ်လမျှ နေရစေကာမူ အသက်တစ်ရာနေရသူထက် သူ၏ ဂုဏ်သတင်းမှာ သားစဉ်မြေးဆက် အရှည်တည်သည်။
ရိုးဖြောင့်ခြင်း
ပြင်ဆင်ရန်- မဖြောင့်မတ်သော စီးပွားရှာခြင်းဖြင့် ချမ်းသာကြွယ်ဝသူထက် ရိုးဖြောင့်စွာ စီးပွားရှာလျက် ဆင်းရဲစွာနေရသူက မြင့်မြတ်သည်။ မရိုးမဖြောင့် စီးပွားရှာလျက် ကြွယ်ဝသူကား မကောင်းသတင်းဖြင့် ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေ ဖြစ်ရာ၏။
လူကဲခတ်နည်း
ပြင်ဆင်ရန်- စကားပြောသံကို ကြားရသဖြင့် လိမ္မာသည်၊ မလိမ္မာသည်၊ ကောက်ကျစ်သည်၊ ဖြောင့်မတ်သည်ကို သိရာ၏။
- အနေအထိုင်ကို မြင်သဖြင့် ပေါ့တန်သည်၊ အမူအကျင့်ညံ့သည်၊ လောဘကြီးသည်ကို သိရာ၏။
ရိုသေခြင်း
ပြင်ဆင်ရန်- ကြောက်၍ရိုသေခြင်းကို အလိုမရှိရာ၊ ချစ်၍ရိုသေခြင်းကို အလိုရှိရာ၏။
သူတော်ကောင်းတို့သဘော
ပြင်ဆင်ရန်- သူတော်ကောင်းကား ကုန်းစကားကို ယုံခဲ၏။
- အပြစ်သော်ကား သည်းခံနိုင်၏။
- ဒေါသဖြစ်ဖွယ်တွေ့သော်လည်း ချစ်ခင်မြဲ။
အနီးကပ် မပေါင်းအပ်သူ
ပြင်ဆင်ရန်- ကောင်းရာကောင်းကြောင်းတိုင်ပင်သည်ကို ဖျက်ဆီးတတ်၏။
- မဆင်ခြင်မစဉ်းစားဘဲ ပြောဆိုတတ်၏။
- နှုတ်မစောင့်တတ်။
- စဉ်းလဲကောက်ကျစ် လျှို့ဝှက်တတ်၏။
- အပြောအဆို ကြမ်းတမ်း၏။
- ဒေါသကြီး၏။
ဤသူများအား မိတ်မဖွဲ့ရာ အနီးကပ် မပေါင်းရာ။
မိုက်လွန်းသူနှင့် အလိမ္မာပိုသူ
ပြင်ဆင်ရန်- မိုက်လွန်းလျှင်လည်း အရာမရောက် ပျက်တတ်သည်။
- လိမ္မာလွန်းလျှင်လည်း အရာရောက်လွန်း၍ ပျက်တတ်သည်။
- နှိုင်းနှိုင်းချိန်ချိန် ပြုတတ်မှသာ အကျိုးဖြစ်ထွန်းမည်။
ချီးမွမ်းခြင်း
ပြင်ဆင်ရန်- ချီးမွမ်းတတ်မှ ပညာရှိ ပီသသည်။
- ဆရာကို ရှေ့တွင်ပင် ချီးမွမ်းရာ၏။
- မိတ်ဆွေကို ကွယ်ရာမှာ ချီးမွမ်းရာ၏။
- အမှုထမ်းကို လုပ်ကိုင်စဉ်မှာ ချီးမွမ်းရာ၏။
ဂုဏ်ဟူသည်
ပြင်ဆင်ရန်- ကိုယ်ကိုစောင့်ရှောက်သကဲ့သို့ ဂုဏ်သတင်းကို စောင့်ရှောက်ရာ၏။
- ကိုယ်ကား အသက်မဲ့သော် မတည်နိုင်၊ ပျောက်ပျက်ရာ၏။
- ဂုဏ်သတင်းကား ဥဒါန်းမကျေ ရှိရာ၏။
သေသောရှင်သောနေ့
ပြင်ဆင်ရန်- သူယုတ်ကို အကျွမ်းဝင်သောနေ့သည် သေသောနေ့မည်၏။
- ပညာရှိသူတော်ကောင်းနှင့် ကျွမ်းဝင်ရသော်နေ့သည် အသက်တစ်ဖန် ပြန်ရှင်သောနေ့ မည်၏။
ဆိုခဲ၊ မြဲစေ
ပြင်ဆင်ရန်- ဆိုလွယ်ပြုလွယ်ခြင်းကား မှားခဲ့သော် လုံးလုံးမှားရာ၏။
- ဆိုခဲပြုခဲသော် မှားသော်လည်း လုံးလုံးမမှားပေ။
တွေးတောဆင်ခြင်မှု
ပြင်ဆင်ရန်- တွေးတောခြင်းသည် စိတ်ပျံ့လွင့်မှုတစ်မျိုးသာ ဖြစ်သည်။
- ဆင်ခြင်မှုသည် တွေးတောခြင်းနှင့် တခြားစီ ဖြစ်၏။
- တွေးတောရာတွင် ပညာမယှဉ်သည်က များသည်။
- ဆင်ခြင်မှုမှာ ပညာပါသည်။
- ဆင်ခြင်မှုသည် တွေးတောခြင်းကဲ့သို့ ရောက်တတ်ရာရာ အာရုံပြုရာနောက် မလိုက်ပါ။
- တစ်ခုသော အရာကိုသာ အာရုံပြု၍ ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်းသည်ပင် ဆင်ခြင်မှု ဖြစ်သည်။
အဆိပ်
ပြင်ဆင်ရန်- မြွေအဆိပ်သည် အစွယ်မှာ ရှိသည်။
- ကင်းမြီးကောက်အဆိပ်သည် အမြီးမှာ ရှိသည်။
- မိန်းမယုတ်၏အဆိပ်သည် နှုတ်ဖျားမှာ ရှိသည်။
- လူယုတ်မာတို့၏ အဆိပ်သည်ကား ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံးတွင် ရှိသည်။
သားကောင်းသမီးကောင်း
ပြင်ဆင်ရန်- “အဘိုးရာဇာ၊ လူတို့တွင်မိကောင်း၊ ဖကောင်း သားသမီးကား ဖြစ်လွယ်၏”။
- “သားကောင်းသမီးကောင်းတို့၏ မိဘမူကား အလွန်ပင် ဖြစ်ခဲသည် မဟုတ်တုံလော”ဟု မင်းကြီးခေါင်မှ မေးတော်မူ၏။