မတ္တရာမီးရထား (မနှင်းဆီရထား) သည် ကိုလိုနီခေတ် ၊ မြန်မာနိုင်ငံ မန္တလေးမြို့ တွင် သံလမ်းအကျယ် 2 ft 6 in (၇၆၂ mm) ၌ပြေးဆွဲခဲ့သောပုဂ္ဂလိက မီးရထားလိုင်းတစ်ခုဖြစ်သည်။ လူမျိုးခြားသူဌေး အိန္ဒိယအမျိုးသား မနန့်ဂျီ (Mr. Manetji)ပိုင်ဆိုင်ခဲ့သည်။ မနန့်ဂျီ ကို မြန်မာအသံထွက်ဖြင့် လွယ်လွယ်ကူကူ မနှင်းဆီရထားဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

သူရဲဈေးမှ အရှည် ၈ မိုင် ရှည်လျားသော တောင်ပြုံး သို့ ပထမလမ်းပိုင်းကို ၁၉၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ရထားလမ်းကို ၁၉၁၇ ခုနှစ်တွင် မတ္တရာ သို့ နောက်ထပ် ၈ မိုင် ဆက်လက်တိုးချဲ့ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် ကုမ္ပဏီမှ မိမိဆန္ဒအလျောက် ဖျက်သိမ်းခဲ့ပြီး ရထားလမ်းကို အစိုးရမှ လွှဲပြောင်းယူခဲ့သည်။ ၁၉၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရထားလမ်းအား ပိတ်သိမ်းကာ မီတာဂေ့ချ်ဖြင့် မန္တလေးဘူတာကြီးသို့ ပြန်လည်ဖောက်လုပ်ခဲ့သည်။ မတ္တရာမီးရထားမှ ပထမစက်ခေါင်းလေးလုံးအား Thaton-Duyinzaik Light Railway မှ ဆက်လက်အသုံးပြုခဲ့သည်။ [၁]

မန္တလေးမြို့ ၂၅ လမ်းနှင့် ၂၆ လမ်းကြား ရွှေတစ်ချောင်းမြောင်း၏ အရှေ့ဘက်တွင် ယခု မန်းသီရီဈေးတည်ရှိသည်။ အဆိုပါနေရာသည် ယခင်က မန္တလေး၏ အထင်ကရနေရာ ဖြစ်ခဲ့ဖူးသည်။ ယခင်က ထိုနေရာသည် ဘူတာရုံတစ်ခု ရှိခဲ့သည်။ ဈေးချိုနှင့် မတ္တရာကို ပြေးဆွဲသော မီးရထားလမ်း၏ လမ်းစလမ်းဆုံး ဘူတာဖြစ်သည်။

အရေးပါပုံ ပြင်ဆင်ရန်

မနှင်းဆီရထားသည် ရထား(၂)စင်းရှိခဲ့ပြီး ဈေးချိုဘူတာမှ နံနက် ၇ နာရီတွင်တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ် မတ္တရာသို့ ပြေးဆွဲခဲ့သည်။ မတ္တရာနယ်သည် ကွမ်းရွက်အပါအဝင် သစ်သီးဝလံများ၊ သစ်ဥသစ်ဖုများထွက်ရှိရာ နေရာဖြစ်သည့်အတွက် ဈေးချို လက္ကားဈေးကွက်ကြီးသို့ မတ္တရာကုန်များ လွယ်လင့်တကူ ရောက်ရှိရေးတွင် မနှင်းဆီရထားသည် အရေးပါခဲ့သည်။

ဘူတာကြီး၊ ဘူတာလေး ပြင်ဆင်ရန်

ထိုစဉ်က မန္တလေးတွင်း မန္တလေး-ရန်ကုန်၊ မန္တလေး-မြစ်ကြီးနား၊ မန္တလေး-ပြင်ဦးလွင်-လာရှိုး၊ မန္တလေး-မုံရွာ-ရေဦး မီးရထားလမ်းအတွက် ရ၈ နှင့် ၇၉ လမ်းကြား၊ ၂၇ နှင့် ၃၄ လမ်းကြားတွင် ဘူတာရုံတစ်ရုံ ရှိသည်။ ထိုဘူတာရုံကို ဘူတာကြီး၊ မနှင်းဆီရထားဘူတာရုံကို ဘူတာလေးဟု သုံးစွဲခေါ်ဝေါ်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ဖြစ်မီ ၁၄-၁၅ နှစ်အလို၌ ဘူတာလေးသို့ သွားလာသော ရထာလမ်းများကို ဖြိုဖျက်ခဲ့ကြ၍ ဘူတာလေးဟုခေါ်ဆိုသော ဘူတာရုံလည်း မရှိတော့ပေ။[၂] ထို့ကြောင့်ပင် မန္တလေးဘူတာကို မန္တလေးသားတို့က ဘူတာကြီးဟု အစဉ်အဆက် လက်ဆင့်ကမ်းခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Hughes, Hugh 1994 Indian Locomotives Pt. 3, Narrow Gauge 1863-1940. Continental Railway Circle.
  2. Hsue Hgnet (translated by Yay Chan (Mandalay)) (January 2003)။ The Straight Lines of Mandalay။ Mandalay: Kyipwarye Books House။ pp. 156–157။ OCLC 54372317 Unknown parameter |langue= ignored (|language= suggested) (အကူအညီ)
  3. ဆရာဆူးငှက်၏ သင်္ဘောတန်းနှင့် ဘူတာကြီး ဆောင်းပါမှ ကောက်နှုတ်သည်။ The Irrawaddy, vol 1, No 27, july 6, 2014, page 39