မဒရာ မြင်းစီးသမား ဆိုသည်မှာ အလယ်ခေတ် အစောပိုင်း ကျောက်တုံးပေါ်တွင် ထွင်းထုထားသော ကျောက်ဆစ်ရုပ်တု ဖြစ်ပြီး ဘူဂေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ရှူးမန်ဒေသ၏ အရှေ့ဘက် မဒရာ ကျေးရွာအနီး မဒရာ ကုန်းမြေမြင့်ပေါ်တွင် တည်ရှိသည်။ ထိုရုပ်တုသည် ၇ရာစု နှောင်းပိုင်း သို့မဟုတ် ၈ ရာစု အစောပိုင်း ဘူလ်ဂါခန် တာဗယ်၏ လက်ထက် တွင် ထွင်းထု ခဲ့မည်ဟု ယူဆရသည် ။ ၁၉၇၉ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းသတ်မှတ်ခြင်း ခံခဲ့ရသည်။

မဒရာ မြင်းစီးသမား*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  ဘူဂေးရီးယား
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း i,iii
ကိုးကား ၄၃
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ


ကိုးကား ပြင်ဆင်ရန်