မဒိဝေလအိမ်ရာ သည် သီရိလင်္ကာနိုင်ငံ၊ Sri Jayawardenepura ကော့တီမြို့၊ မဒိဝေလေဆင်ခြေဖုံးအရပ်တွင် တည်ရှိသည်။ သီရိလင်္ကာပါလီမန်က ပိုင်ဆိုင်ပြီး သီရိလင်္ကာပြင်ပမှ ပါလီမန်အဖွဲ့ဝင်များနေထိုင်ရန်အတွက် ထိန်းသိမ်းထားသည်။[၁]

၁၉၈၀ ခုနှစ် မတိုင်ခင်အထိ ကျွန်းပေါ်ရှိ ဝေးလံသည့်ဒေသများမှ ပါလီမန်အဖွဲ့ဝင်များသည် ကိုလံဘိုမြို့လယ်ရှိ  Srawasthi Mandiraya တွင် တည်းခိုနေထိုင်ကြရသည်။ မဒိဝေလအိမ်ရာကို တည်ဆောက်ပြီးစီးသည့်အခါ ပါလီမန်အဖွဲ့ဝင်များအတွက် အိမ်ရာ ၁၂၀ နှင့် လုပ်ငန်းချိန်ဖြစ်နေသည့်အချိန်တွင် သူတို့၏ မိသားစုဝင်များသည် နေထိုင်နိုင်ကြသည်။ ၁၉၉၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ [၂]၂၀၁၄ ခုနှစ်တွင် အစိုးရသည် Thalapathpitiya ရှိ Sri Jayewardenepura သင်ကြားရေးဆေးရုံအနီးရှိ ၁.၀ ဟက်တာ (၂.၅ ဧက) ကျယ်သည့်မြေပေါ်တွင် မြင့်မားသည့် အထပ်မြင့်အဆောက်အဦကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ ကုန်ကျစရိသည့် ရူပီ ၆ ဘီလီယံ ရှိမည်ဖြစ်ကာ အိုမင်းနေပြီဖြစ်သည့် မဒိဝေလအိမ်ရာနေရာတွင် အစားထိုးမည်ဖြစ်သည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. Kirinde၊ Chandani။ "PM proposes pay hike, extra allowances for MPs"၊ 20 November 2016။ 21 November 2016 တွင် ပြန်စစ်ပြီး 
  2. Bandara၊ Kellum။ "New Housing Complex for MPs"၊ 12 August 2013။ 21 March 2018 တွင် ပြန်စစ်ပြီး 
  3. Jayasekera၊ Sandun A.။ "Cabinet nod for MPs' luxury condo"၊ 21 January 2014။ 21 March 2018 တွင် ပြန်စစ်ပြီး