[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ဝိသမာ= မြေအပြင် မညီမညွတ်ခြင်း၊ ဗဟုရဇာ= မြူမှုန်များခြင်း၊ စဏ္ဍသုနခါ = ခွေးဆိုးရှိခြင်း၊ ဝါဠယက္ခာ= အတင့်ရဲသော ရက္ခိုက်ဘီလူးရှိခြင်း၊ ဒုလ္လဘပိဏ္ဍာ= ဆွမ်းခံရခဲခြင်း-ဟူသော မဓုရာ မြို့၏ အပြစ်ငါးမျိုးတို့ကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၂]


မဓုရာသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် မဓုရာဇ်ပြည်၏ အပြစ်ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]

မဓုရာသုတ် ပြင်ဆင်ရန်

ရဟန်တို့ မဓုရာဇ်ပြည်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ - *မြေပြင်မညီညွတ်။

  • မြူမှုန်များ၏။
  • ကြမ်းတမ်းသော ခွေးရှိ၏။
  • အတင့်ရဲသော ရက္ခိုက်ဘီလူး ရှိ၏။
  • ဆွမ်းခံ၍ ရခဲ၏။

ရဟန်းတို့ မဓုရာဇ်ပြည်၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၂၊၂၂၄။ အံ၊မြန်၊၂၊၂၈၃။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၂) ၂-အက္ကောသကဝဂ္ဂ၊ နဝမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ၃.၀ ၃.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ (၅) ပဉ္စမပဏ္ဏာသက (၂၂) ၂-အက္ကောသကဝဂ်၊ ၁၀- မဓုရာသုတ် (တတိယအကြိမ် ed.)။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ ၁၉၉၈။ pp. ၂၈၃။