မနီလာမြို့ရှိ စင်ကာပူသံရုံး

မနီလာမြို့ရှိ ဖိလစ်ပိုင်နိင်ငံဆိုင်ရာ စင်ကာပူသံရုံးသည် စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံအကြား သံတမန်ဆက်သွယ်ရေး လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရန် ဖြစ်သည်။ မနီလာမြို့ Taguid ရှိ၊ ဘိုနီဖာဆီယိုဂလိုဘယ် စီးတီး အမှတ် ၅၀၅၊ ရီဇယ်ဒရိုက်ဗ်တွင် တည်ရှိသည်။

Embassy of the Republic of Singapore in Manila
Kedutaan Republik Singapura di Manila
在马尼拉新加坡共和国大使馆
மணிலாவில் சிங்கப்பூர் குடியரசின் தூதரகம்
ကိုဩဒိနိတ်14°32′46.6872″N 121°02′47.9292″E / 14.546302000°N 121.046647000°E / 14.546302000; 121.046647000ကိုဩဒိနိတ်: 14°32′46.6872″N 121°02′47.9292″E / 14.546302000°N 121.046647000°E / 14.546302000; 121.046647000
တည်နေရာTaguig, Metro Manila
လိပ်စာ505 Rizal Drive
Barangay Fort Bonifacio
1634 Taguig
Metro Manila
သံအမတ်Kok Li Peng
တရားစီရင်ရေး ဖိလစ်ပိုင်
ဝဘ်ဆိုဒ်mfa.gov.sg/manila

နောက်ခံသမိုင်းကြောင်း ပြင်ဆင်ရန်

၁၉၆၉ ခုမေလ ၁၆ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ကြသည်။[၁] သံရုံးမထူထောင်မီက ဖိလစ်ပိုင်နိုင်ငံရှိ စင်ကာပူနိုင်ငံဆိုင်ရာ ကိစ္စရပ်များကို မလေးရှားသံရုံးက ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။[၂][၃] ဖိလစ်ပိုင်နိုင်ငံသို့ ပထမဦးဆုံးပို့လွှတ်သော ဌာနေသံအမတ်ကြီးမှာ ဟာဂျီ ယာကွတ် ဘင် မိုဟာမက်ဖြစ်ပြီး ထိုအချိန်က ဖိလစ်ပိုင်သမ္မတ ဖာဒီနတ်မားကိုစ် ထံသို့ သံတမန်ခန့်အပ်လွှာကို ၁၉၆၉ အောက်တိုဘာလ ၁၆ တွင် ပေးအပ်ခဲ့သည်။[၄][၅] သံရုံးကို ၁၉၇၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

သံရုံး ပြင်ဆင်ရန်

လက်ရှိတွင် သံရုံးကို သံအမတ်ကြီး ကော့လိပိန်းက ဦးဆောင်နေပြီး၊ ဝန်ထမ်းအကြီးအကဲများ၊ သံမှူးများ၊ စစ်သံမှူး၊ ပထမအတွင်းဝန်၊ ဒုတိယအတွင်းဝန် စသည်ဖြင့် သံဝန်ထမ်းများဖြင့် လည်ပတ်နေပါသည်။[၆] လက်ရှိ သံရုံးအဆောက်အဦးကို စင်ကာပူနိုင်ငံမှ ပိသုကာပညာရှင်များနှင့် ဖိလစ်ပိုင်နိုင်ငံမှ ပိသုကာပညာရှင်များ ပူးပေါင်း ဒီဇိုင်းရေးဆွဲခဲ့ကာ ၂၀၀၈ ခုနှစ်တွင် အပြီးသတ်တည်ဆောက်ခဲ့သည်။ [၇][၈] ယခင်က စီးပွားရေးလုပ်ငန်းများ အများစုတည်ရှိသည့် Makati Central Business District ရှိ အတန်တာပရိုက်စင်တာ တာဝါ အမှတ် ၁ တွင် လုပ်ငန်းလည်ပတ်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. "Philippine envoy to S'pore"၊ The Straits Times၊ 2 April 1971။ 2 October 2016 တွင် ပြန်စစ်ပြီး 
  2. "MANILA READY TO SET UP EMBASSY IN S'PORE"၊ The Straits Times၊ 1 December 1967။ 2 October 2016 တွင် ပြန်စစ်ပြီး 
  3. "EMBASSY LEVEL TIES WITH MANILA"၊ The Straits Times၊ 16 May 1969။ 2 October 2016 တွင် ပြန်စစ်ပြီး 
  4. Haji Ya'acob bin Mohamed။ National Library Board of Singapore။ 2 October 2016 တွင် ပြန်စစ်ပြီး။
  5. Official Week in Review: October 10 – October 16, 1969။ Office of the President of the Philippines။ 2 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 October 2016 တွင် ပြန်စစ်ပြီး။
  6. About the Embassy။ Ministry of Foreign Affairs, Singapore။ 2 October 2016 တွင် ပြန်စစ်ပြီး။
  7. "Singapore in the shade"၊ Philstar.com၊ 31 January 2009။ 2 October 2016 တွင် ပြန်စစ်ပြီး 
  8. CHANCERY IN MANILA, PHILIPPINES။ Forum Architects။ 2 October 2016 တွင် ပြန်စစ်ပြီး။