မန္တလေးဓာတ်ရထား သည် လန်ဒန်မြို့၌ တည်ထောင်ခဲ့သော မန္တလေးလျှပ်စစ်ကုမ္ပဏီ (Mandalay Electric Company) က ပိုင်ဆိုင်ကာ ၁၉၀၂ ခုနှစ် အောက်တိုဘာလမှာ ပေါင် ၂၀၀၀,၀၀၀ မတည်ငွေဖြင့် စတင်လည်ပတ်ခဲ့သည်။

မန္တလေးတွင် ပြေးဆွဲခဲ့သော ဓာတ်ရထားအား မြင်တွေ့ရစဉ်

သမိုင်းကြောင်း ပြင်ဆင်ရန်

 
မန္တလေးလျှပ်စစ်ကုမ္ပဏီ၏ ဓာတ်ရထား ရပ်ဝန်း

ဒစ်၊ကယ်နှင့်ကုမ္ပဏီမှ တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၀၂ ဒီဇင်ဘာလတွင် စတင်ခဲ့သည်။ ပပထမဆုံး ဓာတ်ရထားကို ၁၉၀၄ ဇွန် ၁၇ တွင် ဈေးချိုတော် မှ ဆိပ်ကမ်း ၊ တရားရုံးတော် နှင့် မဟာမုနိ ရုပ်ရှင်တော်ဘုရား များသို့ ပြေးဆွဲခဲ့သည်။[၁]

 
ဂျင်နရယ်တာအခန်း အတွင်းပိုင်း

ဓာတ်ရထား ၂၄ စီးဖြင့် ပြေးဆွဲခဲ့သည်။ ခရီးသည်များ စီးနင်းနိုင်မည့် ခုံတန်းရှည်ပုံစံပါရထားများ ဖြစ်ကာ ပရက်စတန်, လန်ကာရှိုင်း မှ လျှပ်စစ်ရထားနှင့်ထရမ်းကားရထားလမ်းလုပ်ငန်းများ မှတည်ဆောက်ခဲ့သည်။ ရထားကိုယ်ထည်သည် အရှည်၂၄ ပေ ၄.၅ လက်မ (၇,၄၃၀ မီလီမီတာ) ၊ အမြင့် ၆ ပေ (၁,၈၀၀ မီလီမီတာ) ရှိကာ ခရီးသည် ၄၈ ယောက် စီးနင်းနိုင်သည်။[၁]

Babcock & Wilcox ရေငွေ့သုံး ဓာတ်အားပေးရုံနှင့် လိုအပ်သောရုံးခန်းများ၊ ရပ်ဝန်းများနှင့် ပြင်ဆင်ရေးစက်ရုံများကို ၇၈ လမ်းတွင် တည်ဆောက်ခဲ့သည်။[၁]

၁၉၄၂ ခုနှစ် ဧပြီ ၃ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုအတွင်း ရထားလမ်းနှင့် ဓာတ်ကြိုးများ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး နောက်ပိုင်း ဖျက်သိမ်းခံခဲ့ရသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ Electric Tramway in Mandalay. Street Railway Review, 20 November 1904. Page 913.
  2. Michael D. Leigh: The Evacuation of Civilians from Burma: Analysing the 1942 Colonial Disaster. A&C Black, 24 April 2014. Page 161.