မန္တလေးမြို့တော်ခန်းမ

မန္တ​လေးမြို့၏ မြို့​​တော်ခန်းမ

မန္တလေးမြို့တော်ခန်းမသည် မန္တ​လေးမြို့ရှိ မန္တ​လေးမြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီရုံးစိုက်ရာ အ​ဆောက်အအုံတွင် တည်ရှိသည်။

မန္တလေးမြို့​တော်ခန်းမ
Mandalay City Hall
မြို့​တော်ခန်းမမျက်နှာစာ
အထွေထွေ အချက်အလက်များ
လိပ်စာ၇၁လမ်း၊ ၂၆ဘီလမ်းနှင့် ၂၇လမ်းကြား၊ မြို့​တော်စည်ပင်သာယာ​ရေး​ကော်မတီဝင်း
ကိုဩဒိနိတ်21°58′52″N 96°05′53″E / 21.98111°N 96.09806°E / 21.98111; 96.09806
တည်ဆောက်မှု စတင်၁၉၅၅
ဖွင့်လှစ်၁၉၆၀
ကုန်ကျငွေ၆သိန်းခွဲကျပ်
ပိုင်ဆိုင်သူမန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
အမြင့်
အမြင့်​ပေ၃၀
အပေါ်ဆုံးအထပ်ဒုတိယအထပ်

၁၉၅၅ခုနှစ်တွင် မြူနီစီပယ်ရုံးကြီးနှင့် မြို့​တော်ခန်းမတို့ကို တည်​ဆောက်ခဲ့သည်။ မြို့​တော်ခန်းမကို ၆သိန်းခွဲအကုန်အကျခံကာ တည်​ဆောက်ခဲ့သည်။ အလျား ၁၈၆​ပေ၊ အနံ ၈၇​ပေ၊ အမြင့် ​ပေ၃၀ရှိကာ နှစ်ထပ်ဖြစ်သည်။ မြူနီစီပယ်ရုံးကို ၇သိန်း​ကျော် အကုန်အကျခံကာ တည်​ဆောက်ခဲ့သည်။၁၉၆၀ပြည့်နှစ် မေလ ၇ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုစဉ်က တိုင်းအဆင့် အုပ်ချုပ်​ရေးရုံးစိုက်ရာရုံးလည်းဖြစ်သည်။၁၇ကြိမ်​မြောက် ပြည်​ထောင်စု​နေ့ တတိယ​နေ့ညီလာခံကြီးကို မြို့​တော်ခန်းမတွင် ကျင်းပခဲ့သည်။[၁]

မြို့ခံလူထုအကြား မြို့​တော်ခန်းမ (၁)ဟု လူသိများပြီး မြို့​တော်ခန်းမ(၂)မှာ ​ဈေးချိုအနီးတွင် တည်ရှိခဲ့သည်။ ယခုအခါတွင် အခမ်းအနားများ၊ ပြပွဲများ ကျင်းပလျက်ရှိသည်။

မြို့​တော်ခန်းမ

ပြခန်း ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. နတ်မောက် ထွန်းရှိန် (ဇွန် ၁၉၉၄)။ ယနေ့မန္တလေး