မန္တလေးမြို့ပတ်ရထား သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ မြန်မာ့မီးရထားမှ မန္တလေး-သူရဲဈေးလမ်းပိုင်းတွင် ပြေးဆွဲနေသော မန္တလေးမြို့ရထားကွန်ယက်တစ်ခုဖြစ်သည်။ ၁၉.၃၂ မိုင်ရှည်လျားပြီး အရှေ့မြို့ပတ်ရထားလမ်းအဖြစ် ရှမ်းစုဘူတာမြို့ဟောင်းဘူတာသိုးခြံဘူတာကန်သာယာဘူတာအောင်ပင်လယ်ဘူတာယာဉ်ပျံဘူတာအိုးဘိုဘူတာ နှင့် သူရဲဈေးဘူတာတို့တွင် ပြေးဆွဲနေသည်။

Mainline rail interchange မန္တလေးမြို့ပတ်ရထား
မန္တလေးဘူတာကြီးအား မြင်တွေ့ရစဉ်
မန္တလေးမြို့ပတ်ရထားလမ်း မြေပုံ
Overview
ပိုင်ဆိုင်သူမြန်မာ့မီးရထား
ဒေသမန္တလေးမြို့
ဘူတာရုံပေါင်း
ရုံးချုပ်မန္တလေးမြို့
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၁၉၉၀
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၁၉.၃၂ မိုင် (၃၁.၀၉ ကီလိုမီတာ)
လမ်းကြောင်းမြေပုံ
မန္တလေးမြို့ပတ်ရထားလမ်း
ဘူတာ
မန္တလေး
ရှမ်းစု
မြို့ဟောင်း
စစ်ကိုင်းတံတားသို့
ကျောက်ဆည်သို့
သိုးခြံ
ကန်သာယာ
အောင်ပင်လယ်
ယာဉ်ပျံ
အိုးဘို
မတ္တရာသို့
သူရဲစျေး

ထိုသို့ပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင်လည်းကောင်း ၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ နေ့လယ် ၂ နာရီတွင် ထွက် ခွာ၍ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်ပြီး အသွား/အပြန် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာ နှင့် သူရဲဈေးဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ် နှုန်းဖြင့် အသွား/အပြန် ၄၀၀ကျပ်နှုန်း ကျသင့်မည်ဖြစ်သည်။ [၁] [၂]

မြို့ပတ်ရထားလမ်းသမိုင်း ပြင်ဆင်ရန်

မြို့ပတ်ရထားလမ်းကို ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်နေ့က အနောက်မြို့ပတ် ရထားလမ်းအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ မန္တလေးဘူတာကြီးမှ အနောက်ဘက် ၃၅ အေလမ်းအတိုင်း အနောက် မြစ်ဆိပ်သို့ မူလ သစ်တင် ဆီတင် ရထားလမ်းအတိုင်း ဆင်းပြီး ကမ်းနားလမ်းအရောက် မြောက်ဘက်သို့ အသစ်ဆက်ဖောက်လုပ်ထားခြင်းဖြစ်သည်။ ထို့နောက် ၂၆ ဘီလမ်းအနောက်ထိပ် ပိုက်ကျုံးတွင် ၂၆ ဘီလမ်းမကြီး လမ်းလယ်အတိုင်း အရှေ့ ၈၆ လမ်း ရွှေတချောင်း၊ ထိုမှ မြောက် ၈၆ လမ်းအတိုင်း ရွှေတချောင်းမြောင်းဘောင်အတိုင်း မြောက်သို့ ရေကြည်ဘူတာ၊ မဲအိုးတန်းဘူတာ၊ ညောင်ပင်ဈေးဘူတာ၊ ကြံခင်းဘူတာ နှင့် ဗြစ်စက်မှ အိုးဘိုဘူတာသို့ဝင်သည်။ အရှေ့မြို့ပတ်ရထားလမ်းကို ၁၉၉၁ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။ ခရီးသည်စီးနင်းမှု နည်းပါခြင်းကြောင့် အနောက်မြို့ပတ်ရထားရပ်နားခဲ့ရပြီး အရှေ့မြို့ပတ်ရထား အဖြစ်သာ ပြေးဆွဲနေသည်။ [၃]

ဘူတာရုံများ ပြင်ဆင်ရန်

မြို့ပတ်ရထားပတ်လမ်း အစသည် မန္တလေးဘူတာကြီးမှ တောင်ဘက်သို့ ရှမ်းစုဘူတာ မြို့ဟောင်းဘူတာအထိ မူလလမ်းအတိုင်းလည်းကောင်း၊ ထိုမှတစ်ဆင့် အရှေ့ဘက် မန္တလေး-လာရှိုးရထားလမ်းအတိုင်း အရှေ့ဘက် သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ ယဉ်ပျံဘူတာ၊ နန်းရှေ့ နွယ်နီ မန္တလေးတောင်မှတဆင့် သူရဲဈေးဘူတာအထိ မောင်းနှင်သည်။

ကိုးကား ပြင်ဆင်ရန်