မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား

မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

မန္တလေးသူ မန္တလေးသားသည် စကားကြွယ်သည်။ ရန်ကုန်သူ ရန်ကုန်သားသည် ဟိတ်ဟန်နှင့် ကြွားတတ်သည်။ မော်လမြိုင်သူ မော်လမြိုင်သားသည် အစားအစာကို အရသာရှိရှိ စီမံချက်ပြုတ်စားတတ်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။