မန္ဒာယုက (တိ) [မန္ဒ+အာယု+က] နည်းသော အသက်ရှိသော (ပသာဒရုပ်)။ (အတိမဟန္တာရုံဝီထိ၌ အလုံးစုံသောစိတ်တို့၏ ခဏတိုင်းမှာပင် စက္ခုပသာဒရှိသော်လည်း စက္ခုဝိညာဉ် ဖြစ်သည့်တိုင်အောင် မှီသော စက္ခုပသာဒတို့ကို ပြလို၍ စိက္ခုဝိညာဉ်မဖြစ်မီ ခဏငယ် ၄၉-ချက် ရေတွက်သည်။

မန္ဒာယုက, အမန္ဒာယုက ပြင်ဆင်ရန်

ထို၄၉ ချက်သော ခဏငယ်၌ ရှိသော စက္ခုပသာဒ ၄၉-ချက်လုံးကို စက္ခုဝိညာဉ် မှီသလော ဟူသော် အတီတဘဝင်မဖြစ်မီ ဖြစ်သော ၃၇-ချက်သော စက္ခုပသာဒသည် အတီတဘဝင် နှင့်ဥပါဒ်ပြိုင်သော ရူပါရုံအောက် အသက်တိုခြင်းကြောင့် မန္ဒာယုကမည်၏။

ထိုမန္ဒာယုကဖြစ်သော စက္ခုပသာဒတို့ကို စက္ခုဝိညာဉ် မမှီ၊ အတီတဘဝင်၏ ဌီမှ စ၍ ပဉ္စဒွါရာဝဇ္ဇန်း၏ ဘင်တိုင်အောင် ၁၁-ချက်သော ခဏ၌ရှိသော စက္ခုပသာဒသည် အတီတဘဝင်နှင့် ဥပါဒ်ပြိုင်သော ရူပါရုံထက် အသက်ရှည်ခြင်းကြောင့် အမန္ဒာယုက မည်၏။ ထိုအမန္ဒာယုက ဖြစ်သော စက္ခုပသာဒတို့ကိုလည်း စက္ခုဝိညာဉ် မမှီ။

မဇ္ဈိမာယုက ပြင်ဆင်ရန်

အတီတဘဝင်၏ ဥပါဒ်ခဏ၌ ဖြစ်သော စက္ခုပသာဒသည် အတီတဘဝင်၏ ဥပါဒ်နှင့် ပြိုင်သောရူပါရုံနှင့် မျှသော အသက်ရှိခြင်းကြောင့် မဇ္ဈိမာယုက မည်၏။ ထိုမဇ္ဈိမာယုက ဖြစ်သော စက္ခုပသာဒကိုသာလျှင် စက္ခုဝိညာဉ် မှီသည်။ မဟန္တာရုံ ၂-ဝီထိ ပရိတ္တာရုံ ၆-ဝီထိတို့၌ မန္ဒာယုက ၃-ခုစီ အစဉ်အတိုင်း လျော့၍ ၃၄၊ ၃၁၊ ၂၈၊ ၂၅၊ ၂၁၊ ၁၉၊ ၁၆၊ ၁၃-ဟူ၍ မှတ်။ အမန္ဒာယုကမှာ ၃-ခုစီ အစဉ်အတိုင်း တိုး၍ ၁၄၊ ၁၇၊ ၂၀၊ ၂၃၊ ၂၆၊ ၂၉၊ ၃၂၊ ၃၅-ဟု မှတ်။ မဇ္ဈိမာယုကမှာ အဆုတ် အတိုး မရှိ။ ရှေးဦးစွာ ဖြစ်သော အတီတဘဝင်၏ ဥပါဒ် ခဏ၌ ဖြစ်သော စက္ခုပသာဒ အစုကိုသာ အမြဲမှတ်၊ မန္ဒာယုက, မဇ္ဈိမာယုက, အမန္ဒာယုက သုံးပါးကို ပေါင်းသော် ၄၉-ချက် စက္ခုပသာဒ ရသည်။ ဤအတူ သောတဒွါရဝီ ဃာနဒွါရဝီထိ,ဇိဝှါဒွါရဝီထိ, ကာယဒွါရဝီထိတို့၌ မန္ဒာယုက,မဇ္ဈိမာယုက,အမန္ဒာက သုံးပါးစီ ဝေဖန်ရမည်။ [၁]

အတီတဘဝင် ဥပါဒ်အခိုက်၌ အာရုံဖြစ်သော ရူပါရုံ, အာရုံအထင်ခံသော စက္ခုပသာဒ ၂-ပါးသည် အတူပြိုင်၍ ဥပါဒ်၏၊ ဒုတိယတဒါရုံ၏ ဘင်ခဏ၌ ဆိုပြီးသော ရူပါရုံနှင့် ပသာဒ ၂-ပါးသည် ပြိုင်၍ချုပ်၏၊ ထို့ကြောင့် အတီတဘဝင်နှင့်အတူ ဥပါဒ်ပြိုင်သော စက္ခုပသာဒသည် ရူပါရုံနှင့်မျှသော အသက်ရှိသောကြောင့် မဇ္ဈိမာယုကမည်၏။ စက္ခုဝိညာဉ် ဥပါဒ်ဆဲ၌ ဌီအနေအားဖြင့်ရှိသော ၄၉-ချက်သော စက္ခုပသာဒတို့အနက် အတီတဘဝင်၏ ရှေ့ တေရသမဘဝင်၏ ဘင်ခဏ၌ ဥပါဒိသော ပသာဒ တိုင်အောင် ၃၇-ချက်သော ပသာဒစုသည် ဒုတိယတဒါရုံနှင့် ပြိုင်၍ ချုပ်သော ရူပါရုံနှင့် အသက်မတူဘဲ ဤရူပါရုံအောက် တိုသော နုံ့သော အသက်ရှိသောကြောင့် မန္ဒာယုက မည်၏၊ အတီတဘဝင်၏ ဌီမှစ၍ ပဉ္စဒါရာဝဇ္ဇန်း၏ ဘင်နှင့် အတူ ဥပါဒ်သော ပသာဒတိုင်အောင်သော ၁၁-ခုသော ပသာဒစုသည် ရူပါရုံနှင့် အသက်မမျှ ဒုတိယတဒါရုံနောက်ကျသော ဘဝင်တို့၏ အခိုက်မှာမှ ချုပ်သဖြင့် ရူပါရုံထက် ရှည်သော အသက်ရှိသောကြောင့် အမန္ဒာယုကမည်၏၊ ထို၃-ပါးတို့တွင် မဇ္ဈိမာယုက ပသာဒကိုသာ စက္ခုဝိညာဉ်မှီ၏။ ဝီထီမဉ္ဇူရီကျမ်း။ ၃၁-၁။ အကျဉ်းချုပ်အားဖြင့် ပဉ္စာရုံတို့နှင့် တကွဖြစ်သော, ပဉ္စာရုံတို့သည် ထိခိုက်အပ်သော ပဉ္စပသာဒတို့သည် မဇ္ဈိမာယုကတို့မည်ကုန်၏၊ အာရုံနှင့် ပသာဒတို့ မထိခိုက်မီ ဖြစ်နှင့်သော ပဉ္စပသာဒတို့သည် မန္ဒာ ယုကတို့မည်ကုန်၏၊ အာရုံနှင့်ပသာဒတို့ထိခိုက် ပြီးနောက်၌ ဖြစ်ကြသော ပဉ္စပသာဒတို့သည် အမန္ဒာယုကတို့မည်ကုန်၏။ [၂] [၃]


ကိုးကား ပြင်ဆင်ရန်

  1. ဆင်တဲ သင်္ဂြိုဟ် အကောက်၊ နှာ။ ၇၀။
  2. မဏိမဉ္ဇူ၊၁၊၄၄၇-၉။)တတော ပုဗ္ဗေ ဌိတိက္ခဏေ ဇာတစက္ခုတော ပဋ္ဌာယ တေဝီသတိ စက္ခုပသာဒါနိ မန္ဒာယုကာနိ။ သင်္ခေပ၊ဋီ၊၂၄၇။ (အဘိဓမ္မတ္ထသင်္ဂဟဒီပနီ။ ၁၄၄။) တတော ပုရိမက္ခဏေသု ဥပ္ပန္နာ သတ္တတိံသ စက္ခာဒိပဉ္စပ္ပသာဒါ မန္ဒာယုကာ နာမ။ မဏိမဉ္ဇူ၊၁၊၄၄၇-၈။ (အဘိဓမ္မတ္ထသင်္ဂဟဒီပနီ။ ၁၄၄။ ပရမတ္ထဒီပနီ။ ၁၅၉။ အနုဒီပနီ။ ၁၂၇။)
  3. တိပိဋကအဘိဓာန် အတွဲ-၁၆