မန်ကျည်းချိုဆရာတော် (၁၂၄၃ - ၁၃၁၄) သည် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၂၄၃ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်နေ့တွင် မန္တလေးမြို့၊ ရွှေပြည်ရန်အောင် အနောက်လက်ကျောက်ဆောက်မြို့အဝင် မန်ကျည်းချိုရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦရွက် - ဒေါ်ငြိမ်းတင် ဖြစ်သည်။

ဆရာတော်၏ ဆရာအစဉ်အဆက်မှာ စန္ဒမဉ္စူသာလင်္ကာရ တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရုဘွဲ့ရ ပထမဘုံဘဆရာတော်မှ ကိုးဆက်မြောက်ဖြစ်သည့် ရွှေရေးဆောင်ဆရာတော် ဖြစ်သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၃၁၄ ခုနှစ်၊ တပို့တွဲလဆုတ် ၁၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကျမ်းများ ပြုစုခြင်း ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းများကို ပြုစုတော်မူခဲ့သည်။

၁။ သိင်္ဂါလောဝါဒသုတ်ဘာသာပြန်

၂။ လူတို့ကျင့်စဉ် အလင်းရောင်ကျမ်း။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆၄။