မန်နီ ပက်ကွီအို

(မန်နီ ပါ့ခ်ယောင်း မှ ပြန်ညွှန်းထားသည်)

အီမန်နျူယယ် ဒါပီဒရန် ပက်ကွီအို စီနီယာ (အင်္ဂလိပ်: Emmanuel Dapidran Pacquiao Sr.၊ ၁၉၇၈ ဒီဇင်ဘာ ၁၇ ဖွား; ဒေသအသံ /ပါ့ခ်ယောင်း/) သည် ဖိလစ်ပိုင်နိုင်ငံသား ကြေးစားလက်ဝှေ့သမားနှင့် နိုင်ငံရေးသမားဖြစ်သည်။ [၁] ပက်မန်း ဟု အမည်ပြောင်ရထားပြီး နာမည်ကျော် ကြေးစားလက်ဝှေ့သမားများအနက် တဦးအဝင်အပါအဖြစ် သတ်မှတ်ခံရသည်။ [၂] ၂၀၁၆ ခုမှစ၍ ဖိလစ်ပိုင် ဆီးနတ် (အထက်လွှတ်တော်) တွင် အမတ်အဖြစ် စတင်ဆောင်ရွက်သည်။ ယခင်က ဆာရန်ဂနီဒိစတြိတ်၏ အမတ် (၂၀၁၀-၁၆) ဖြစ်သည်။

ပက်ကွီအိုသည် လက်ဝှေ့သမိုင်းတွင် တစ်ဦးတည်းသော ရှစ်တန်းချန်ပီယံ (ဝိတ်တန်း ၈ မျိုးစလုံးတွင် ချန်ပီယံဖြစ်သူ) ဖြစ်ပြီး နာမည်ကြီး ခါးပတ် ၁၂ ခု ရဖူးသည်။ [၃] ရှုံးထွက်ချန်ပီယံပွဲတွင် ဝိတ်တန်း ၅ မျိုး၌ အနိုင်ရဖူးသူလည်း ဟူ၏။ [၄] ထို့ပြင် ချန်ပီယံခါးပတ်ကို ဆယ်စုနှစ် ၄ ခု (၁၉၉၀-၂၀၂၀) ကြာ ထိန်းသိမ်းနိုင်ခဲ့သူလည်း ဖြစ်သည်။ [၅]

၂၀၁၅ ခုတွင် ထိုးခဲ့သော ၂၅ ပွဲမှ ဒေါ်လာ ၁.၂ ဘီလီယံ ရခဲ့သည်။ [၆] ဖော့ဘ်စ် မဂ္ဂဇင်းက ၂၀၁၅ ခုတွင် ကြေးအမြင့်ဆုံး အားကစားသမားစာရင်းတွင် နံပါတ် (၂) နေရာ၌ ဖော်ပြသည်။[၇]

၂၀၂၁ စက်တင်ဘာ ၁၉ တွင် မန်နီ သည် ၂၀၂၂ ခုနှစ်သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။[၈]

ကိုးကား ပြင်ဆင်ရန်

  1. ""I'm Half Spanish": Manny Pacquiao Gives Surprising Details on His Origins - Opera News Archived 22 August 2021 at the Wayback Machine.". www.dailyadvent.com. Retrieved 2021-08-22.
  2. "Historian: No doubt about Pacquiao's greatness Archived 25 January 2020 at the Wayback Machine.". ABS-CBN News. ABS-CBN.
  3. "Pacquiao gets record 12th world title in 8 weight divisions". Philippine Daily Inquirer. July 16, 2018.
  4. "The Lineal Boxing World Champions Archived 5 August 2018 at the Wayback Machine.". The Cyber Boxing Zone Encyclopedia.
  5. "Manny Pacquiao: Boxing's first four-decade champion". boxingjunkie.usatoday.com. January 2, 2020.
  6. Kurt Badenhausen (April 9, 2015). "Manny Pacquiao Set To Retire After Bradley Fight With $500 Million In Career Earnings". Forbes.
  7. The World's Highest-Paid Athletes. Forbes.com (2013–06). Retrieved on February 22, 2014.
  8. Philippines: le boxeur Manny Pacquiao candidat à la présidentielle de 2022. Radio France International (2021–09). Retrieved on September 19, 2021.