ကြေးစီမန်စံနယ် ၊ မန်ယုတ်ကျောင်းတွင် သီတင်းသုံးတော်မူသည်။ ငယ်နာမည် မောင် ဩ ဖြစ်၍ ရဟန်းဘွဲ့ ဦးအာလောက ဖြစ်သည်။ ရဟန်ငယ်ဘဝနှင့်စစ်ကိုင်းမြို့(ကျောင်းတိုက် အမည်မသိရ)ဆရာတော်ဦးသုမနထံ လောကုတ္တရာပညာများကို သင်ကြားတတ်မြောက်ခဲ့သည်။ သင်ကြားသမျှ စာပေများကိုလည်း အာဂုံအရကျက်မှတ်နိုင်စွမ်းရှိသည်။ ရဟန်း(၁၀)ဝါ ရရှိပြီး ရှမ်းပြည်သို့ပြန်၍ နေရင်းမန်ယုတ်ကျောင်းတွင် ကျောင်းထိုင်ဖြစ် ၍မန်ယုတ်ဆရာတော်ဟု ထင်ပေါ်ကျော်ကြားသည်။ ပါရမီထူးခြားချက်မှာ ကွမ်းစားရင်း ၊ ဆေး ဝါးရင်း ၊ ဧည့်သည်အာဂန္တုများနှင့်လည်း စကားပြောရင်း အနီးရှိ စာလိုက်ရေးသူသုံးယောက် ကို အလှည့်ကျပြော၍ ကျမ်း(၃)ကျမ်းကို တပြိုင်ထည်းပြီးအောင် ပြုစွမ်းနိုင်သော ဆရာတော် ဖြစ်သည်။


ဒဏ္ဍာရီ ပု ံ ပြင် ဝတ္ထ ုများကိ ု လည် း အမြောက် အမြား ပြုစု တော် မူ ခဲ ့ သည် ။ ပြုစု တော် မူ ခဲ ့ သောကျမ်းဂန်များအနက် "ဇမ္ဗုပတိချွတ်ခန်း"သည် အထူးထင်ရှားပေါ်လွင်သောကျမ်း ဖြစ်လေ သည်။ မျင်ကော် ခေါင်လတ်မျင်မေ...၊
ဥတုဟေမန် ၊
မြောက်ရန်မွှေခတ် ၊
ရဟတ်ထိုးဖေါင် ၊
ဖုန့်ဖန့်မိတ်ဖူး ၊
နေပူဝမ်းဝေါင် ၊
ခွန်ဟောင်ချောင်းလိန် ၊
ကွဲပြင်ဟျိုးကျိန် ၊
ကျိုးကန် ၊
အီလွတ် ၊
ဆခွတ် ၊
ပန် းကန် ။
ဟေမန္တဥတုကလည်း မကုန်သေး ၊ မြောက်လေပြေ လေညှင်းကလေးကလည်း ဆော် သွေးမွှေခတ် ၊ ရဟတ်လည်သလိုရှိပြီး တောမီးလောင်ကျွမ်းထားသော ပြာမှုန့်ပြာနုကလေးများ သည် လေဟုန်စီးလျက် မြူခိုးငွေရောင်တန်းများတွင် ရွှင်လန်းပျံသန်းနေလေပြီ။ အအေးဓာတ် ဖြိ ုခွ င် းမည် နေမင် းကြီ းကလည် းပူ ပြင် းတော့ မည် ဟု အားမာန် တင် းနေသော အရိ ပ် အရောင် တု ိ ့ မှာလည်း ဝိုးဝါးမျှ ရှိပြီး မြစ်ချောင်း ၊ ထုံးအိုင် ၊ စမ်းရေအိုင်တို့မှာလည်း ခန်းခြောက်စ ပြုလျက်


ကြိမ်နွယ်ကြိမ်ဖူးတို့ ကွန့်မြူးယှက်လိန်၍ သခွတ်ပန်းတို့ ပွင့်လန်းဝေဆာလာလေပြီ။ တပို့တွဲလမကုန်မီ တပေါင်းလသို့ ကူးခါနီး ရာသီအလှဘွဲ့ကို စာဆိုတော် စောနော်ခမ်း ဖွ ဲ ့နွ ဲ ့သီ ကု ံ းခြယ် မှု န် း ရေးစပ် ထားသော ကဗျာလင်္က ာတွ င် "မေ၊ဟေ၊မန် ၊ရန် ၊ခတ် ၊ဟတ် ၊ဖေါင် ၊ ဝေါင်၊ဟောင်၊လိန်၊ကျိန်၊လွတ်၊ခွတ် " ကာရန်ယူ၍ ပထမအပိုဒ်တွင် ၆-လုံးစပြီး ၊ ၄-လုံး ၄-လုံး ချင်း ၊ ၂-လုံး ၂-လုံးချင်းစပ်၍ ၂-လုံးနှင့်အဆုံးသတ်ထားသည်ကို သုတေသီတို့ တွေ့မြင်နိုင် ကြသည်။ ရှမ်းနှင့်မြန်မာ-မြန်မာနှင့်ရှမ်းတို့သည် ရှေးအတိတ်အခါဆီပဝေဏီကပင် ဘာသာအယူ ဝါဒ၊ အလေ့အထ၊ ယဉ်ကျေးမှု၊ သုခုမ၊ အနုပညာ၊ စာပေတို့မှာ အစဉ်အမြဲဒွန်တွဲနေသောကြောင့် ရှ မ် းစစ် လျှင် ဗမာ၊ ဗမာစစ် လျှင် ရှ မ် းဟု ရှ င် ကြီ း၊ ရဟန် းကြီ း။ ရှ မ် းကြီ း၊ မြန် မာကြီ းတု ိ ့ က ဥဒါန်းကျူးခဲ့ကြသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဒါရိုက်တာ ဆရာမြင့် ၏ ရှမ်းစာဆိုတော်များ