မန်းတောင်ရိပ်
မန်းတောင်ရိပ် ကို အမည်မသိရှေးစာဆို ရေးဖွဲ့ခဲ့သည်။ လေးချိုး ကဗျာအမျိုးအစား ဖြစ်သည်။
မန်းတောင်ရိပ်
ပြင်ဆင်ရန်အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသမ်းတယ်
မန်းတောင်ရိပ်ခို။
ခေါင်းလောင်းသံ ချိုချိုနဲ့
ရွှေပဟိုရ် စည်သံဟိန်း(တယ်)
ဘေးရန်ကငြိမ်း။
ခက်ဆစ်
ပြင်ဆင်ရန်၁။ မြနန္ဒာ = ရေကြည်လင်နေသော မဟာနန္ဒာကန်။
၂။ မန်းတောင် = မန္တလေးတောင်။
၃။ ပဟိုရ် = မြန်မာမင်းများလက်ထက်က အချိန်နာရီကို ဖော်ပြရန် တီးခတ်သောစည်။
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း။