မမိ (၁၂၂၈ - ၁၂၅+) သည် ကုန်းဘောင်ခေတ်နှောင်းနှင့် ဗြိတိသျှအကူးကာလတွင် ထင်ရှားခဲ့သည့် စာဆိုတော်အမျိုးသမီးတစ်ဦး ဖြစ်သည်။[]

မမိကို သက္ကရာဇ် ၁၂၂၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ဗုဒ္ဓဟူးနေ့တွင် သုံးဆယ်မြို့၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ ဦးလူငယ်နှင့် ဒေါ်ရွှေမယ်တို့ ဖြစ်သည်။ စာပေများကို လေ့လာသင်ကြားတတ်မြောက်ခဲ့သည်။ ဝန်ထောင်မောင်ငွေခိုင်နှင့် လက်ထပ်ခဲ့သည်။[]

ကွယ်လွန်ခြင်း

ပြင်ဆင်ရန်

သုံးဆယ်မြို့၌ မီးဖွားစဉ် ကွယ်လွန်ခဲ့သည်။[]

ရေးသားပြုစုခဲ့သည့် စာပေများ

ပြင်ဆင်ရန်

မမိသည် မေတ္တာစာများကို ရေးသားခဲ့ရာ အောက်ပါတို့ ဖြစ်ကြသည်။

၁။ မမိက မယ်စိန်ပေး မေတ္တာစာ၊

၂။ ပွဲစားဦးသိုင်းက မယားပေး မေတ္တာစာ၊

၃။ စံရွေးစစ်ကဲတော်မင်းသားများထံပေး မေတ္တာစာ၊

၄။ မမိက မင်းလှမြို့သို့ ပန်းတောင်းမေတ္တာစာ၊

၅။ မမိကရန်ကုန်မြို့မသိန်းသို့ပေးမေတ္တာစာ၊

၆။ ပရိတ်ရွတ်ကြွမေတ္တာစာ၊

၇။ မအူပင်မြို့အခွန်ဝန်မင်းကသားများထံပေးမေတ္တာစာ၊

၈။ သာယာဝတီစာရေးကြီးက ရန်ကုန်မြို့ ဘထွေးထံပေးမေတ္တာစာ၊

၉။ စံရွေးမြို့ကိုဘိုးမြင့်သားရှင်ပြုဘိတ်စာ၊

၁၀။ မမိက မဖွားထူသို့ပေး မေတ္တာစာ၊

၁၁။ မမိက မပိုးဖြူထံပေး မေတ္တာစာ၊

၁၂။ ဥပုသ် အမများကိုပေး မေတ္တာစာ၊

၁၃။ သမာဂီတပရိကံတေးသစ်။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၉၉၊ ၃၀၀။