မယ်ဒီချီ စံအိမ်များ သည် အီတလီနိုင်ငံ တပ်စ်ကေးနီပြည်နယ်တွင် တည်ရှိသော ကျေးလက် အဆောက်အဦးများ ဖြစ်ပြီး ၁၅ ရာစု နှင့် ၁၇ ရာစုကြားတွင် မယ်ဒီချီ မိသားစုဝင်များမှ ပိုင်ဆိုင်ခဲ့သော အဆောက်အဦးများ ဖြစ်သည်။ ထိုစံအိမ်များအား မယ်ဒီချီ မိသားစု၏ ကျေးလက် နန်းတော်များ အဖြစ် သူတို့ အုပ်စိုးရာ နယ်မြေများ တလျှောက် ဖြန့်ကျက်လျှက် တည်ရှိပြီး သူတို့၏ ဩဇာနှင့် ကြွယ်ဝမှုကို ဖော်ပြနေကြသည်။ သူတို့သည် ပိုင်ရှင်များ၏ အားလပ်ချိန်များတွင် အပန်းဖြေရာ နေရာများ အဖြစ်လည်း တည်ရှိပြီး ပုံမှန်အားဖြင့် ပတ်ဝန်းကျင်နေရာများတွင်ရှိသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လုပ်ငန်းများ၏ ဗဟိုဌာန အဖြစ် တည်ရှိသည်။ ၂၀၁၃ ခုနှစ်တွင် မယ်ဒီချီ စံအိမ်များအား ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာစာရင်းတွင် ထည့်သွင်း ခဲ့သည်။

မယ်ဒီချီ စံအိမ်များ*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

တည်ရှိသည့် နိုင်ငံ  အီတလီ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iv, vi
ကိုးကား ၁၇၅
ဒေသ** ဥရောပနှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၂၀၁၃  (၃၇ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ


ကိုးကား ပြင်ဆင်ရန်