မယွန်းနိစ် (အင်္ဂလိပ်: Mayonnaise) သည် အေးအေးပျစ်ပျစ် အနှစ်ရည်တမျိုးဖြစ်ပြီး အသားညှပ်ပေါင်မုန့်များ (ဆင်းဒွစ်၊ ဟမ္ဘာဂါ)၊ အသုပ်စုံနှင့် အာလူးချောင်းကြော်တို့၌ တွဲဘက်စားသုံးကြသည်။ အတိုကောက် မေယိုး (mayo) ခေါ်၏။ [၁] သနပ်နှစ် ( tartar sauce)၊ အချဉ်ရည်နှစ် (fry sauce)၊ ရောမူလဒယ် (rémoulade)၊ ဆယ်လဆာဂေါ့ (salsa golf)၊ ရူရိရီ (rouille) တို့တွင် အခံအနှစ်ရည်အဖြစ်လည်း သုံး၏။ [၂]

မယွန်းနိစ်ကို ဆီ၊ ကြက်ဥအကာနှင့် အချဉ်ဓာတ်အတွက် ရှလကာရည် သို့မဟုတ် ရှောက်ရည်တို့ကို မွှေ၍ရသော ခလောက်ရည်တမျိုး ဖြစ်သည်။ [၃] အရသာအတွက် အခြားပါဝင်ပစ္စည်းတို့ကိုထည့်ကာ မျိုးကွဲများစွာ ရှိလာ၏။ အရောင်မှာလည်း ဖြူတူတူမှသည် ဝါတာတာအထိ ရှိတတ်သည်။ အနှစ်မှာလည်း ကရင်ပျော့ပျော့မှသည် ဂျယ်လီစေးစေး အနေအထားအထိ ရှိ၏။

ကြက်ဥရှောင်သော သားသတ်လွတ်သမားများအတွက်နှင့် ဥနှင့်မတည့်သူတို့အတွက် ကြက်ဥနှစ်မပါသော မယွန်းနိစ်ကို၎င်း၊ ထိန်းစားနေသူတို့အတွက် ဆီမပါသော ကိုလက်စထရောနည်း မယွန်းနိစ်ကို၎င်း၊ ဈေးကွက်တွင် ရနိုင်ပေသည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. "Mayo - Definition and More from the Free Merriam-Webster Dictionary". Merriam-webster.com.
  2. Holly Herrick, The French Cook: Sauces, 2013, ISBN 1423632397
  3. McGee, Harold (2004). On Food and Cooking : The Science and Lore of the Kitchen (2nd ed.). New York: Scribner. p. 633. ISBN 978-0684800011. Mayonnaise is an emulsion of oil droplets suspended in a base composed of egg yolk, lemon juice or vinegar, which provides both flavor and stabilizing particles and carbohydrates.
  4. Moran, Victoria; Moran, Adair (2012). Main Street Vegan: Everything You Need to Know to Eat Healthfully and Live Compassionately in the Real World. Penguin. p. 168. ISBN 9781101580622.