မရမာကြီးလူမျိုး
(မရမာကြီး မှ ပြန်ညွှန်းထားသည်)
မရမာသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် သတ်မှတ်ထားသော မျိုးနွယ်စု(၁၃၅)မျိုးတွင် ပါဝင်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ တောင်တန်းဒေသများတွင် နေထိုင်သည်။
မရမာ | |
---|---|
Marma Dance | |
လူဦးရေ စုစုပေါင်း | |
(၂၁၀,၀၀၀) | |
အများစု နေထိုင်သည့် နေရာ | |
ဘင်္ဂလားဒေ့ရှ်: Bandarban, Khagrachari, Patuakhali and Bargunas | ၁၅၇,၃၀၁ |
မြန်မာ: ရခိုင်ပြည်နယ် | မသိရ |
အိန္ဒိယ: တြိပူရ | မသိရ |
ဘာသာစကား | |
ရခိုင်ဘာသာစကား ၊ ဗမာဘာသာစကား ၊ စစ်တကောင်းဘာသာစကား | |
ကိုးကွယ်မှု | |
ထေရဝါဒ | |
ဆက်စပ် တိုင်းရင်းသား အုပ်စုများ | |
ဗမာလူမျိုး ၊ ရခိုင်လူမျိုး | |
မြန်မာနိုင်ငံမှ တရားဝင် အသိမှတ်ပြုထားသည့် ၁၃၅ မျိုးသော တိုင်းရင်းသားတစ်ခုဖြစ်သည်။ |
ဘုရင့်နောင်၏အရိုက်အရာကို ဆက်ခံသည့်သားတော် နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီထီးနန်းသည် ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ပျက်စီးသွားခဲ့ရ၏။ ရခိုင်တို့သည် ကမ္ဘောဇသာဒီနန်းတော်ကို မီးရှို့ဖျက်ဆီးပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော် မင်းညီမင်းသားများကို ရခိုင်၊ ထိုမှတဆင့် ထိုအချိန်က ရခိုင်ပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသသို့ ပို့ဆောင်ခဲ့သည်။ ထိုသူတို့မှဆင်းသက်ပေါက်ဖွားလာကြသူများကို မရမာဟုခေါ်ဆိုကြပြီး ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထင်အရှားနေထိုင်လျက်ရှိကြသေးသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ Myanmar People။ 24 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2013 တွင် ပြန်စစ်ပြီး။