မလွန်ဘီကန်
မလွန်ဘီကန် သည် မာလဝီနိုင်ငံတောင်ပိုင်း၊ ရှိရီမြစ်ပေါ် တောင်ပိုင်းဒေသတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။[၁] ၎င်းကန်သည် 14°40′0″S 35°15′0″E ပတ်လည်တွင် တည်ရှိသည်။ ဤကန်သည် ၎င်းထက်ပိုမိုကြီးမားသည့်ကန်ဖြစ်သည့် မာလဝီကန်၏ တောင်ဘက် ၂၀ ကီလိုမီတာခန့် (၁၂ မိုင်) အကွာတွင် ရှိသည်။ ၎င်းတွင် ဧရိယာ ၄၅၀ စတုရန်းကီလိုမီတာ (၁၇၀ စတုရန်းမိုင်) ရှိသည်။ မကြာသေးမီနှစ်များအတွင်းက ကန်တွင် ငါးဖမ်းသူအရေအတွက်သည် မြင့်မားလာခဲ့သည်။ ဤအချက်ကြောင့် ကန်တွင်မှီတင်းကာနေထိုင်ကြသည့် ငါးမျိုးစိတ်အရေအတွက်သည် ကျဆင်းလာခဲ့သည်။
မလွန်ဘီကန် | |
---|---|
Seen from space | |
တည်နေရာ | Southern Region |
ကိုဩဒိနိတ် | 14°40′0″S 35°15′0″E / 14.66667°S 35.25000°Eကိုဩဒိနိတ်: 14°40′0″S 35°15′0″E / 14.66667°S 35.25000°E |
ပင်မ ရေဝင်စီးကြောင်း | Shire River from Lake Malawi |
ပင်မ ရေထွက်စီးကြောင်း | Shire River |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | မာလဝီနိုင်ငံ |
မျက်နှာပြင် ဧရိယာ | ၄၅၀ km2 (၁၇၀ sq mi) |
ပျမ်းမျှအနက် | ၆–၈ ft (၁.၈–၂.၄ m) |
ဤကန်၏ မျက်နှာပြင်သည် ၁၉ ရာစုအလယ် ရေပြန်လည်မပြည့်ခင်အထိ ရာစုနှစ်များစွာ ခန်းခြောက်နေခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Archived copy။ 10 September 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2006-09-10 တွင် ပြန်စစ်ပြီး။