အရှင်မဟာကစ္စာနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက် ပြင်ဆင်ရန်

ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်မဟာကစ္စာနထေရ် သည် မြတ်စွာဘုရား၏ ဂန္ဓကုဋိတွင် နေရာပလ္လင်ပြုလုပ်လှူဒါန်းခဲ့၏။ ထို့ပြင် ထီး၊ သားမြီးငယ်တို့ကိုလည်း လှူဒါန်းခဲ့၏။ ထို့နောက် မြတ်စွာဘုရားသည် အရှင်မဟာကစ္စာနထေရ် ၏ အလှူအတွက် တရားဟောကြားတော်မူ၏။[၁]

အကျိုးခံစားရခြင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် အရှင်မဟာကစ္စာနထေရ် အား “အယုကပ်သုံးဆယ်ပတ်လုံး သိကြားမင်း ဖြစ်မည်။ လူ့ပြည်တွင် ‘ပဘဿရ’ အမည်ဖြင့် စကြဝတေးမင်း ဖြစ်မည်။ နောက်ဆုံးတွင် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် ‘ကစ္စာန’ အမည်ဖြင့် ပုဏ္ဏားဖြစ်ကာ သာသနာတော်တွင် ရဟန်းပြုလိမ့်မည်” ဟု မိန့်တော်မူ၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက် ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်မဟာကစ္စာနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်