မဟာကရုဏာဟူသည်မှာ --- ဘုရားအလောင်း ဖြစ်လိုသော အမျိုးကောင်းသားသည် မျက်မှောက် မျက်ကွယ် ရင်းရင်းဖျားဖျား ရှိရှိသမျှ သတ္တဝါများအပေါ်၌ ရင်မှ ပေါက်ဖွားသည့် သားသမီးများကဲ့သို့ ကြင်နာသနားခြင်း ပြင်းထန်စွာ ဖြစ်ပွားနိုင်ရသည်။ မိတ်ဆွေ ရန်သူဟူ၍ မခွဲခြားဘဲ ရှိရှိသမျှ သတ္တဝါအများကို ရာဂမီး ဒေါသမီး မောဟမီး ဇာတိမီး ဇရာမီး မရဏမီး သောကမီး ပရိဒေဝမီး ဒုက္ခမီး ဒေါမနဿမီး ဥပါယာသမီးတို့ တညီးညီးတပြောင်ပြောင် အတောက် လောင် ခံနေရသည့် သံသရာ့ဒုက္ခိတ သတ္တဝါတွေ အဖြစ် ဆင်ခြင်စဉ်းစား၍ သနားခြင်းပြင်းစွာ ဖြစ်ရာ၏၊ ယင်းဒုက္ခမှ ကယ်တင်လိုသော ဆန္ဒဓာတ်ကို အရင်း ခံကာ ပါရမီဆယ်ပါးတို့ကို ဖြည့်ကျင့်တော်မူလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဖားအောက်တောရဝတ်ရွတ်စဉ်။ ဖားအောက်တောရဆရာတော်