မဟာကာလီဂူများသည် ကျောက်ကိုထွင်းထုကာ ပြလုပ်ထားသည့် ဂူ ၁၉ ခု ပါဝင်ဖွဲ့စည်းထားသည့် ဂူအစုတစ်ခု ဖြစ်သည်။ ၎င်းတို့ကို BCE ၁ ရာစုနှင့် CE ၆ ရာစုအကြားက တည်ဆောက်ခဲ့ကြသည်။[၁]

မဟာကာလီဂူများ
Kondivite Caves
Kondivite Caves, Cave 2.
Map showing the location of မဟာကာလီဂူများ Kondivite Caves
Map showing the location of မဟာကာလီဂူများ Kondivite Caves
Map showing the location of မဟာကာလီဂူများ Kondivite Caves
Map showing the location of မဟာကာလီဂူများ Kondivite Caves
LocationAndheri (East), Near Caves road, Mumbai
Coordinates19°07′50″N 72°52′27″E / 19.130436°N 72.874133°E / 19.130436; 72.874133ကိုဩဒိနိတ်: 19°07′50″N 72°52′27″E / 19.130436°N 72.874133°E / 19.130436; 72.874133
Elevation၇၀ m (၂၃၀ ft)
GeologyBasalt
Entrances20
Difficultyeasy

ဤဗုဒ္ဓဘာသာဆိုင်ရာ နေရာကို အိန္ဒိယနိုင်ငံအနောက်ပိုင်း မွမ်ဘိုင်းမြို့၊ အန်ဒီရိ (Andheri) ၏ အရှေ့ဘက်ဆင်ခြေဖုံးနေရာတွင် တည်ရှိသည်။ ပန်းပုများကို ကျောက်ထွင်းဂူအစုနှစ်ခုတွင် တွေ့မြင်ရသည်။ ထိုဂူအစုနှစ်ခုနှာ အနောက်မြောက်ဘက်ရှိ ဂူလေးခုနှင့် အရှေ့တောင်ဘက်ရှိ ဂူ ၁၅ ခုတို့ ဖြစ်ကြသည်။ ဂူအများစုသည် ဝိဟာရများ ဖြစ်ကြပြီး ရဟန်းများတရားအားထုတ်ရန် အခန်းများ ပါဝင်ကြသည်။ သို့သော် အရှေ့တောင်ဘက်ဂူအစုရှိ ဂူအမှတ် ၉ သည် စေတီပါဝင်သည့် ဂူဖြစ်သည်။ အနောက်မြောက်ဘက်ရှိ ဂူများကို ၄ ရာစုနှင့် ငါးရာစုက တည်ဆောက်ခဲ့ကြပြီး အရှေ့တောင်ဘက်ရှိ ဂူအစုကိုမှာမူ ထို့ထက် ပိုမို၍ ရှေးကျစွာ တည်ဆောက်ခဲ့ကြသည်။ ပန်းပုလက်ရာများတွင် ကျောက်ထွင်းလက်ရာများနှင့် အခြားသော ပျက်စီးနေသည့် အကြွင်းအကျန်များ ပါဝင်ကြသည်။

ဂူများသည် မီးတောင်ချော်နက်ကို ထွင်းထုကာ တည်ဆောက်ထားကြသည့် ဂူများဖြစ်ကြသည်။

အကြီးဆုံးဂူဖြစ်သည့် ဂူအမှတ် ၉ တွင် ဗုဒ္ဓသရုပ်ဖော်မှုများ ၇ ခု ရှိပြီး ဗုဒ္ဓ၏ ဘဝဖြစ်စဉ်ကို သရုပ်ဖော်ထားသည်။ သို့သော်လည်း အားလုံးသည် ဆိုးဆိုးရွားရွားပင် ပျက်စီးနေသည်။[၂]

ဂူများသည် Jogeshwari-Vikhroli Link Road နှင့်SEEPZ အကြား ဆုံရာနေရာတွင် တည်ရှိသည်။ [၃]

ရုပ်ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Jaisinghani၊ Bella။ "Ancient caves battle neglect"၊ 13 July 2009။ 2009-10-28 တွင် ပြန်စစ်ပြီး 
  2. Bavadam၊ Lyla။ "In a shambles"၊ Frontline၊ 18–31 July 2009။ 2009-10-28 တွင် ပြန်စစ်ပြီး။ Archived from the original on 2013-01-25။ 
  3. Gaur၊ Abhilash (2004-01-25)။ Pay dirt: Treasure amidst Mumbai’s trashThe Tribune။ 2008-09-01 တွင် ပြန်စစ်ပြီး။