မဟာဂန္ဓာရုံကျောင်း

မန္တလေးမြို့တောင်ဘက် အမရပူရရှိ ဗုဒ္ဓဘာသာကျောင်းတော်

မဟာဂန္ဓာရုံကျောင်းသည် မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့တောင်ဘက် အမရပူရရှိ စာပေပရိယတ္တိတွင် အထူးထင်ရှားသော ကျောင်းတိုက်ကြီးတစ်ခု ဖြစ်သည်။ ၁၉၁၄-ခုနှစ်ခန့်က အမရပူရ၊ စစ်ကိုင်းစုရပ်မှ ဦးဘိုးသာက မူလတောရကျောင်း နေရာအား စတင်ရည်စူးခဲ့၍ ၁၉၁၈-ခုနှစ်ခန့်တွင် သားဖြစ်သူ ဦးစံဒွန်းက အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်။ စစ်ကိုင်း မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်က ကျောင်းတိုက်အမည်ပေးခဲ့သည်။ ပထမဆုံး ဆရာတော်မှာ သက်တော်ငယ်စဉ်ကပင် ပျံလွန်တော်မူသော အတိသုခ ဆရာတော်၊ အတီးစုရပ် ဦးသီလဝန္တ ဆရာတော်နှစ်ပါး၊ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီးတွင် မဟာဂန္ဓာရုံဆရာတော်ဟု ထင်ရှားသည့် အရှင်ဇနကာဘိဝံသမှ စာပေပရိယတ်ကျောင်းကြီးကို စတင်ထူထောင်ခဲ့သည်။ အမရပူရ တောင်သမန်အင်း အနောက်မြောက်ဘက်တွင် တည်ရှိသည်။ [၁]

​မဟာဂန္ဓာရုံကျောင်း

ပြခန်း ပြင်ဆင်ရန်

 
နံနက်ခင်းအာရုဏ်ဆွမ်း​လောင်းအပြီး တရားမနာမီ ​မေတ္တာပို့ကြစဉ်
 
မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း အရုဏ်တက်ချိန်တွင် ​တွေ့ရစဉ်

ကိုးကား ပြင်ဆင်ရန်

  1. နေထွတ် ၏ မန္တလေးအဘိဓာန်(၁၉၉၉)